ကယားပြည်နယ်အစိုးရအဖွဲ့မှ  ကျန်းမာရေးဝန်ထမ်း ၃၉၄ ဦးအတွက် ချီးမြှင့်ငွေပေးအပ်

 

လွိုင်ကော်   ဩဂုတ်  ၈


ကယားပြည်နယ်အတွင်းရှိ   ကျန်းမာရေးဝန်ထမ်း ၃၉၄  ဦးအတွက်   ပြည်နယ်အစိုးရအဖွဲ့မှ  ထောက်ပံ့ ငွေပေးအပ်ခြင်းအခမ်းအနားကို   ဩဂုတ် ၈ ရက် နံနက်   ၉  နာရီက    လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ခန်းမဆောင်၌ ကျင်းပသည်။ 


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြ သည့်  ကျန်းမာရေးဝန်ထမ်းများအနေဖြင့်   ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို  အားပေးသည့်အနေ ဖြင့် ယခုကဲ့သို့ ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း ပြည်နယ် ကုသရေးဦးစီးဌာနနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်    ပြည်သူများ/ကျန်းမာရေးအဆင့်အတန်း   မြင့်မားလာစေရေး ၊ ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေး တို့ကို  အလေးထား    ဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း   ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏         လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ပြောကြား သည်။ 


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး   တာဝန်ထမ်းဆောင် နေကြသော  ကုသရေးဦးစီးဌာနမှ    ကျန်းမာရေး ဝန်ထမ်း ၁၅၀၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၁၁၂ ဦး၊ ပုံမှန်တာဝန်များကို ဆောင်ရွက်ပေးသော ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနတို့မှ ဝန်ထမ်း ၁၃၂ ဦး  စုစုပေါင်းကျန်းမာရေးဝန်ထမ်း ၃၉၄ ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၃၂၈ သိန်းကို   ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးလွင်နှင့် လွိုင်ကော်​ပြည်သူ့ ဆေးရုံအုပ်ကြီး  ဒေါက်တာခင်စန်းမြင့်တို့ထံ ပေးအပ် သည်။ 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်   တက် ရောက်လာကြသူများက လွိုင်ကော်ပြည်သူ့ဆေးရုံ ကြီးကို   ကြည့်ရှုစစ်ဆေးပြီး   ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့်   အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ  နှစ်လုံးတည်ဆောက်ခြင်းနှင့် ဂိတ် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ   ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်​​​ဆေးကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြား ကြောင်း သိရသည်။ 


 ပြည်နယ် 
(ပြန်/ဆက်)