
လွိုင်ကော် မေ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အအုံ ပြင်ဆင်ရေး လုပ်ငန်းများနှင့်စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ကျောင်းအဆောက်အဦ ဥပဓိရုပ်ကောင်းမွန်ရေး
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ ကျောင်းအဆောက်အဦ ဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများ ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာ ကျောင်းများအားလုံးတွင် မေ ၂၆ ရက်မှ စတင် ကျောင်းအပ်နှံနိုင်ပြီး ဇွန် ၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင် ရေးတို့အတွက် ဆရာ ဆရာမများက သက်ဆိုင် သည့် ဌာနများ၊ ကျောင်းအကျိုးတော်ဆောင်များ နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် စာသင်ခန်း များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်
အလားတူ ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မေ ၁၇ ရက်ကလည်း လွိုင်ကော်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)