ကယားပြည်နယ်အစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းများအတွက် တာဝန်ပေးအပ်

 

လွိုင်ကော်   ဧပြီ   ၂၀


ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းများ   တာဝန်ပေးအပ်ပွဲ ကို     ယမန်နေ့က    လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်မျိုးတင်က    ပြည်နယ်၏    လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူ ဗဟိုပြု၍ အားလုံး ပါဝင်နိုင်သော    ရေရှည်ဖွံ့ဖြိုးတိုးတက်မှု   ရရှိစေ ရန် စီမံကိန်းများအကောင်အထည် ဖော်ရာတွင် ပြည်သူများအတွက်  လက်ငင်းအကျိုးရှိစေသည့်    စီမံ ကိန်းလုပ်ငန်းများကို လက်တွေ့ ကျကျ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုမရှိရန်နှင့် ပေးချေရမည့် တန်ဖိုးနှင့်ညီမျှသည့်    ရလဒ် ကောင်းများ  ရရှိရန်လိုကြောင်း၊   ပြည်နယ်အတွက် အဓိကကျသော လယ်ယာကဏ္ဍ  ဖွံ့ဖြိုးတိုးတက် စေရေး၊   စက်မှုကဏ္ဍအတွက် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိ ရေး၊    လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်စေရေး၊   ငွေ ကြေးဝန်ဆောင်မှု  အမျိုးအစား အသစ်များ ဖြစ်ထွန်းလာရေးနှင့်     သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပါ  ထည့်သွင်းစဉ်းစား၍   စနစ် တကျ  အကောင်အထည်ဖော်   ဆောင်ရွက်ရန်လိုကြောင်း ပြော ကြားသည်။

 


ဆက်လက်ပြီး    ကယား ပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၏  ဒေသန္တရစီမံကိန်းများ ရေးဆွဲ ထားမှုများကို ပြည်နယ်စီမံကိန်း ဦးစီးမှူး   ဦးမောင်မောင်လွင်က ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏    ဒေသန္တရ စီမံကိန်းများဖြစ်သည့် လယ်ယာ ကဏ္ဍကြီး၊    စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့်   ခရိုင် များအလိုက်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို   သက်ဆိုင်ရာ တာဝန်ရှိသူများအား  တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)