ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter - Terrorism Action ) အပေါ် မီဒီယာကျင့်ဝတ်နှင့်မညီသော မီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများ ဝါဒဖြန့်ချိ

 

နေပြည်တော် ဖေဖော်ဝါရီ  ၄


ကယားပြည်နယ်အတွင်း KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်သမားများ၏   အုပ်ချုပ်ရေး အဆောက်အဦများ၊  ဘာသာရေး  အဆောက်အဦများ၊   ဆေးရုံ၊ ကျောင်းများနှင့် လူနေအဆောက်အဦများ အပေါ်    လက်နက်ကြီး၊  လက်နက်ငယ်များ၊ Drop  Bomb များဖြင့်   နှောင့်ယှက်ပစ်ခတ်ခြင်း  စသော   အကြမ်းဖက်လုပ်ရပ်များကြောင့်   အပြစ်မဲ့ပြည်သူ များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများအပေါ်  မြို့နေ ပြည်သူများက ကျေနပ်မှုမရှိသဖြင့် ၎င်းတို့ အခြေပြု ရာစခန်းကို   သတင်းအတိအကျ    ပေးပို့လာမှုအရ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊   အမြောက်ပစ်ကူများရယူ၍  အကြမ်းဖက်ချေမှုန်းရေး           ဆောင်ရွက်မှု ( Counter - Terrorism Action) အပေါ်    မီဒီယာကျင့်ဝတ်နှင့် မညီသော  မီဒီညာ၊ မီဒီယာလိမ်များက  သတင်းအမှားများ   ဝါဒဖြန့်ချိ လျက်ရှိကြောင်း တွေ့ရှိရသည်။

 


အကြမ်းဖက်လုပ်ရပ်များ
နည်းမျိုးစုံဖြင့်ဆောင်ရွက်


KNPP   အဖွဲ့နှင့်  KNDF အမည်ခံအကြမ်းဖက် သမားများသည်  ကယားပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရေးအတွက်  အကြမ်းဖက် လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိ ရာ  ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာ အမျိုးသား  လေကြောင်းလိုင်းမှ   အရပ်ဘက်ခရီး သည်တင်  လေယာဉ်သည် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ်    ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ တွင်   လွိုင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တို့အား ပစ်ခတ်ခြင်း၊  ဇူလိုင် ၆ ရက် နေ့တွင်   လောပိတသင်္ဘောပင်စခန်းနှင့်    ဘီလူး ချောင်း(၁၀) မိုင်ကုန်းစခန်းတို့အား      လက်နက်ကြီး များဖြင့်   လာရောက်ပစ်ခတ်ခြင်း၊  စက်တင်ဘာ  ၃၀   ရက်နေ့တွင် အရပ်ဘက်ခရီးသည် ပို့ဆောင်ရေး လေယာဉ် ATR- 72 အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ နိုဝင်ဘာ ၁၁  ရက်နေ့တွင် လေဆိပ်သို့ လက်နက် ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃  ရက်နေ့ တွင်  လေဆိပ်သို့ Drop Bomb များဖြင့် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင်   တစ်ကြိမ် တိုက်ခိုက်ခြင်း၊   ၂၀၂၂  ခုနှစ် စက်တင်ဘာ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တို့တွင် လွိုင်လင်လေး နယ်မြေခံတပ်ရင်းသို့       လက်နက် ကြီးများဖြင့်   လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်   အကြမ်းဖက်မှုများ   ပြုလုပ်လာခဲ့သဖြင့်  အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ 

 


စုစုပေါင်း ၂၁ ကြိမ်ပြုလုပ်


ထို့အပြင် ကယားပြည်နယ်၏ နေ့ထူးနေ့မြတ် ဖြစ်သည့် (၇၁) နှစ်မြောက်  ကယားပြည်နယ်နေ့ အထိမ်းအမှတ်     မုခ်ဦးဖွင့်ပွဲ  အခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်နေ့ တွင်   လွိုင်ကော်မြို့  ပြည်နယ် ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့်         စည်ကား သိုက်မြိုက်စွာ  ကျင်းပလျက်ရှိရာ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင်  လွိုင်ကော်မြို့၏ အရှေ့ မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာမှ   လက်နက် ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လူနေ ရပ်ကွက်များအတွင်းသို့   လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ် ခြောက်ဦး၊ အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး  တစ်ဦးတို့   ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အကြမ်းဖက်အဖွဲ့ များအနေဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု စုစုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့သည်။

 


လက်နက်၊ ခဲယမ်းများ
သိမ်းဆည်းရမိ


ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသဖြင့်   လုံခြုံရေးတပ်ဖွဲ့များက  ၎င်းတို့ အကြမ်းဖက်မှုများ လုပ်ဆောင်ရန် အခြေပြုသည့် နေရာများနှင့် လက်နက်ကြီးပစ်ခတ်သည့်နေရာများ အား  အကြမ်းဖက်ချေမှုန်းရေး   ဆောင်ရွက်မှု (Counter - Terrorism Action ) များလုပ်ဆောင်ခဲ့ရာ  မယ်တော်ဂူ ၊ ကျိုက်ထီးရိုးလေး၊  လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ   ထိတွေ့တိုက်ပွဲပေါင်း  ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်အချို့  ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှ အလောင်း၊ လက်နက်၊  ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 


အပြစ်မဲ့ပြည်သူများ သေဆုံး


အကြမ်းဖက်အဖွဲ့များ၏      ရက်စက်သော အကြမ်းဖက်လုပ်ရပ်များကြောင့်  အပြစ်မဲ့ပြည်သူ များ သေဆုံး၊ ဒဏ်ရာရရှိမှုများအပေါ် မလိုလားသည့် ဒေသခံပြည်သူများ၏ တိကျစွာသတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  မြေပြင်သတင်း  စိစစ် ဖော်ထုတ်ချက်များအရ လွိုင်ကော်မြို့၏ အရှေ့ မြောက်ဘက်   ၁၀   မိုင်ခန့်အကွာ   ဒေသအခေါ် ဆင်စခန်း၌  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသော KNDF တပ်ရင်း (၁၀)  အခြေပြုနေ ကြောင်း  သိရှိရ၍  ဖေဖော်ဝါရီ  ၃  ရက်နေ့တွင် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action ) ပြုလုပ်ခဲ့ရာ  အကြမ်းဖက် သမားများ ထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ ထိခိုက်ဆုံးရှုံးခဲ့ ကြောင်း  မြေပြင်သတင်းဖော်ထုတ်ချက်များအရ သိရှိရသည်။ 

 


၎င်းဖြစ်စဉ်အပေါ်   KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်အဖွဲ့များက မီဒီညာ၊ မီဒီယာ လိမ်များမှတစ်ဆင့် KNDF တပ်ရင်း (၁၀) အခြေပြု ရာစခန်းအား   စစ်ဘေးရှောင်စခန်းအဖြစ်  ပုံဖော်၍ စစ်ဘေးရှောင်များ၏   ဆေးကုသရာ  ဆေးခန်း၊ စာသင်ကျောင်းနှင့် ရိက္ခာဂိုဒေါင်တို့ကို တပ်မတော် က     တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  အကြောင်းမဲ့ လေကြောင်းမှ    လာရောက်ဗုံးကြဲသည့်အသွင် သဏ္ဌာန်ဖြင့် ကောလာဟလများ မဟုတ်မမှန် ဝါဒ ဖြန့်ချိလျက်ရှိသည်။

 


အကြမ်းဖက်ချေမှုန်းရေး
ဆက်လက်ဆောင်ရွက်လျက်ရှိ


ထိုကဲ့သို့ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် သတင်းအမှားများ  ဖြန့်ချိမှုများအား ပြည်သူများ အနေဖြင့် သိရှိနိုင်ပါရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက်  ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်း ဖက်ချေမှုန်းရေးဆောင်ရွက်မှု       (Counter - Terrorism action ) များ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်