
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကယားပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
လေးစားအသိအမှတ်ပြု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကယား ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ဖွံ့ဖြိုးရေးနှင့် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် ရာတွင် အကြံကောင်းများဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ အချို့သော ဝန်ထမ်းများအနေ ဖြင့် အမျိုးမျိုးသော သွေးထိုးမှု၊ ခြိမ်းခြောက်မှုတို့ ကြောင့် CDM ပြုလုပ်ခြင်းနှင့် အကြောင်းအမျိုးမျိုး ဖြင့် ပျက်ကွက်မှုများရှိသော်လည်း ယခုကဲ့သို့ သစ္စာ ရှိစွာဖြင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း ကောင်းများကို လေးစားအသိအမှတ်ပြုပါကြောင်း၊ အခက်အခဲအမျိုးမျိုးကြားမှ တာဝန်ကို မညည်းမညူ ဘဲ ဒေသကိုတိုးတက်ဖွံ့ဖြိုးလိုသော ရည်ရွယ်ချက်ဖြင့် ကြိုးစားနေမှုကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ကယားပြည်နယ်ကို သိမ်းပိုက်မည်ဟူ သည့် ကြွေးကြော်မှု၊ ခြိမ်းခြောက်မှုများဖြင့် အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့သော်လည်း သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် တွန်းလှန်နိုင်ခဲ့ပါကြောင်း၊ ကယားပြည်နယ် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး၍ ဖွံ့ဖြိုး တိုးတက်ရေးသည် တစ်ဦးကောင်း၊ တစ်ယောက် ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အားလုံးပါဝင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ရှေ့ဆက်၍လည်း ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ များကို ယခုကဲ့သို့ ဌာနဆိုင်ရာများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကျော်ဖြတ်သွားရမည်ဖြစ် ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနှင့် အမှု ထမ်း၊ အရာထမ်းများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများက ဆောင်ရွက်ရမည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ လူမှုစီးပွား ဘဝတည်ငြိမ်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည် နယ်၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေ၊ လမ်းပန်းဆက်သွယ်ရေးဆောင်ရွက်ထားမှု အခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသုံးစွဲနေမှု အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လယ်ယာသုံး စက်ကိရိယာများ ပြန်လည် စုစည်းထားမှုအခြေအနေ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းများ လည်ပတ်နိုင်မည့်အခြေ အနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေအနေ၊ သတ္တုသန့်စင်စက်ရုံဆိုင်ရာအခြေအနေများ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်သည့်အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေ အနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက် ပေးသည်။
ဆွေးနွေးပြောကြား
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ထမ်းဆောင်နေသည့် လုပ်ငန်းပြီးမြောက်အောင်မြင် ရန် ဒေသတည်ငြိမ်အေးချမ်းရေးသည် အရေးကြီး ကြောင်း၊ နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းချိန် တွင် ခေတ္တရပ်နားထားသည့်လုပ်ငန်းများ အရှိန် အဟုန်ဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြင်ဆင်မှု များ ဆောင်ရွက်ထားရန်လိုကြောင်း၊ ဌာနအလိုက် တစ်နှစ်တာလုပ်ငန်း ရည်မှန်းချက်များထားရှိပြီး ဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်ထားရန်လို ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေးရည်မှန်း ချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့ကို ချမှတ်အကောင်အထည်ဖော် လျက်ရှိကြောင်း၊ အဆိုပါနှစ်ချက်သည် ဆက်စပ်နေ ပြီး စားရေရိက္ခာဖူလုံရေးအတွက် ၇၀ ရာခိုင်နှုန်းခန့် ရှိသည့် ကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူ ရေးဖြစ်ထွန်းမှုအပေါ်တွင် မှီတည်လျက်ရှိကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ၊ ၎င်းမှ ပြည်နယ်အဆင့်အထိ မျှော်မှန်းဆောင်ရွက်ရန်လို ကြောင်း၊ သက်ဆိုင်သည့် ဌာနများအနေဖြင့်လည်း နည်းပညာ၊ အသိပညာ သွင်းအားစုများ ပံ့ပိုးပေးရန်လို ကြောင်း၊ တစ်ဖက်ကလည်း အရင်းအနှီးလိုအပ်မည် ဖြစ်၍ ဒေသတွင်းငွေကြေးစီးဆင်းမှုရှိရန်မှာ လုပ်ငန်း များမရပ်တန့်ဘဲ အရှိန်အဟုန်ဖြင့် လည်ပတ်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုသည် ဒေသဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ် သဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်