
BOT စနစ်ဖြင့် ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပြီး
ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချလုပ်ငန်း ဆောင်ရွက်သော
Future Energy Co.,Ltd ကို ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ
လွိုင်ကော် စက်တင်ဘာ ၂၄
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစိန်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ (အောက်ပုံ)
ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၁) ဆုံးဖြတ်ချက်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူးက ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ၏ အတည်ပြုမိန့်ရယူထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅)ခုမှ လုပ်ငန်း ယာယီရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ ၊ ကိုဗစ်-၁၉ Fund မှ ချေးငွေရယူ ထားသည့် လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့မှုအခြေအနေများ၊ BOT စနစ်ဖြင့် ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သော Future Energy Co.,Ltd ကို ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)