
နေပြည်တော် နိုဝင်ဘာ ၂၁
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့ တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ကယားပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ် ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက် ရှိသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များကို ၎င်းတို့အနေဖြင့် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာများ မှတစ်ဆင့် မဟုတ်မမှန် ဝါဒဖြန့် သတင်းများ ထုတ်ပြန်လျက်ရှိ သည်ကို တွေ့ရှိရသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအနေဖြင့် လွိုင်ကော်တက္ကသိုလ်ကို အင်အားအလုံးအရင်းအသုံးပြုဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား CDM မပြု လုပ်သည့်အတွက် သတ်ဖြတ်မည် ဟု ခြိမ်းခြောက်ကာ လူသား တံတိုင်းအဖြစ် အသုံးပြုရန် အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သာဖြစ်ပြီး ဆရာ၊ ဆရာမ အချို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရ သည်။ ထို့ပြင် ၎င်းတို့၏ လုပ်ရပ် ကြောင့် သင်ကြားရေးအထောက် အကူပြု အဆောက်အဦအချို့ ထိခိုက် ပျက်စီးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက်တွင် အဆိုပါ တက္ကသိုလ်၌ စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယ အသုတ် စာမေးပွဲများကို အကန့် အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ထိခိုက်နစ်နာမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရ သည်။
၎င်းတို့အနေဖြင့် အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကို ကယ်ထုတ်ခဲ့သည်ဟူ၍ လည်းကောင်း၊ ကောင်းမွန်စွာဖြင့် ထိန်းသိမ်းထားရှိသည်ဟူ၍လည်း ကောင်း ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက် အကျပ်ကိုင်၍ ၎င်းတို့အလိုကျ အကွက်ဆင်ပြောဆိုရိုက်ကူးထား သည့် Video file ကို အသုံးပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသည့် ပြည်ဖျက် မီဒီယာများမှတစ်ဆင့် နိုဝင်ဘာ ၂၀ ရက်တွင် မဟုတ်မမှန် ဝါဒဖြန့် ထုတ်ပြန်မှုများကို လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း မရှိဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာ ဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် လွိုင်ကော် တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင် နိုင်ရေး လိုအပ်သည်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်