
နေပြည်တော် ဇန်နဝါရီ ၂၁
ကယားပြည်နယ် လွိုင်ကော်မြို့ တောင်ဘက်ရှိ စံပြ(၆)မိုင် ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များ ခိုအောင်းရောက်ရှိနေကြောင်း အကြမ်းဖက် အဖွဲ့အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံ ပြည်သူများ၏ သတင်းပေးပို့ချက် အရ ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်၍ ဖော်ထုတ်ချေမှုန်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် လူနေ အဆောက်အဦများ၊ အစိုးရ အဆောက်အဦများနှင့် ဘာသာ ရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ် ရယူ၍လည်း ကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အန္တရာယ် အတွင်းမှ ဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့် အစား လူသားတံတိုင်းအဖြစ် အသုံးပြု၍ လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များကို ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတတ်နိုင်ဆုံး ထိန်းချုပ် ပစ်ခတ်၍ ချေမှုန်းတိုက်ခိုက်ခဲ့ရာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စံပြ (၆)မိုင်ကျေးရွာ၏ အနောက် မြောက်ဘက်ရှိ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ထက်ကြပ် လိုက်လံတိုက်ခိုက်ခဲ့သည်။
လူထုထိခိုက်စေရန်ရည်ရွယ်
ဆုတ်ခွာထွက်ပြေးသွားသည့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ၎င်း ကျေးရွာအတွင်းရှိ လူနေအဆောက် အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကာ အကွယ်ရယူ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ထပ်မံပစ်ခတ် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ သည့်အပြင် ၎င်းကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဟိုဖိတ် ကျေးရွာအတွင်း ခိုအောင်းရောက် ရှိလျက်ရှိသည့် အကြမ်းဖက် အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ထပ်မံအင်အား ဖြည့်တင်းကာ တိုက်ခိုက်နိုင်ရေး လုပ်ဆောင်လာခဲ့သည်။ အကြမ်း ဖက်အဖွဲ့များ၏ ဒေသခံပြည်သူ လူထုအပေါ် ထိခိုက်ပျက်ပြား စေရန်ရည်ရွယ်၍ ထိုကဲ့သို့ အင်အားဖြည့်တင်းမှုကို လုပ် ဆောင်နိုင်မှုမရှိစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများ အသုံး ပြု၍ ပိုင်းဖြတ်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
လူသားတံတိုင်းအဖြစ် အသုံးချ
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အဆိုပါ လုပ်ရပ်များသည် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များ မဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာအဆောက်အဦ များနှင့် လူနေရပ်ကွက် အဆောက် အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲ တွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ် အောင် ထွက်ခွာခွင့်ပြုရမည့် အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့ကို လုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက် ခြင်းဖြစ်သောကြောင့် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ် မှု (War Crime)ကို ဆက်လက် ကျူးလွန်လျက် ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းစေရေးအတွက် အကြမ်း ဖက်အဖွဲ့များအား ဆက်လက် ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်