ကယားပြည်နယ် ဒေသစီးပွားရေးသတင်းများ

 

ကယားပြည်နယ်၌ ဘိလပ်မြေဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ
 

ကယားပြည်နယ်တွင်     ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်လာပြီး    ဆောက်လုပ် ရေး    ပစ္စည်းဖြစ်သည့်    ဘိလပ်မြေများ   ပြည်နယ်တွင်းသို့    နေ့စဉ်နှင့်အမျှ  တင်သွင်း လာလျက်ရှိကြောင်း    မြို့ဦးဂိတ်စာရင်းများ အရ  သိရှိရသည်။   ယခု    ဧပြီလတတိယပတ် အတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေတစ်အိတ်လျှင်  ငွေကျပ်  ၈၀၀၀ ၊   အာပါချီ   ဘိလပ်မြေတစ်အိတ်လျှင်  ငွေကျပ်  ၈၁၀၀ နှင့်  နဂါးဘိလပ်မြေ  တစ်အိတ်လျှင်  ငွေကျပ် ၈၁၀၀  တို့ဖြင့်  အရောင်းအဝယ်ဖြစ် လျက်ရှိပြီး  ယခင်ဧပြီလ   ဒုတိယပတ်တွင်   ကမ္ဘောဇဘိလပ်မြေ တစ်အိတ်လျှင် ငွေကျပ်  ၈၁၀၀၊  အာပါချီဘိလပ်မြေ   တစ်အိတ်လျှင် ငွေကျပ်  ၈၂၀၀ နှင့် နဂါး ဘိလပ်မြေတစ်အိတ် လျှင် ငွေကျပ် ၈၂၀၀ရှိခဲ့သည်။ ယခင် ဧပြီလ  ဒုတိယပတ်နှင့် ယခု ဧပြီလ  တတိယပတ်  နှိုင်းယှဉ်ကြည့်လျှင်  ကမ္ဘောဇဘိလပ်မြေ  တစ်အိတ်လျှင်   ငွေကျပ်  ၁၀၀  အာပါချီ ဘိလပ်မြေ    တစ်အိတ်လျှင် ငွေကျပ်  ၁၀၀ နဂါးဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ်  ၁၀၀ ခန့်     ဈေးနှုန်းကျဆင်း    လျက်ရှိကြောင်း  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ   သိရ သည်။                                  

 

လွိုင်ကော်မြို့ ဒေသဆန် စျေးနှုန်းမြင့်တက်လျက်ရှိ
 

 

ကယားပြည်နယ်တွင်  ဆန်စပါးကို အဓိက စိုက်ပျိုးကြပြီး  ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို  ဒေသတွင်းကြိတ်ခွဲကာ  စားသုံး မှုမှာ  အနည်းငယ်သာရှိပြီး   အများအားဖြင့် မန္တလေးသို့   တင်ပို့နေကြသော်လည်း    ယခု ဧပြီလတွင်  ကယားပြည်နယ်မှ အခြားဒေသ သို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အခြား ဒေသမှ    ပြည်နယ်တွင်းသို့   ဆန်တင်သွင်းမှု လျော့နည်းလာခြင်းတို့ကြောင့်  ပြည်နယ် တွင်းထွက်ရှိသော     ဆန်ဈေးနှုန်းများမှာ   ရွှေရင်အေး(၁)   တစ်အိတ်လျှင်  ငွေကျပ် ၄၄၀၀၀၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀ နှင့် တရုတ်မွှေး တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀ တို့ရှိသည်။  ယခင်မတ်လ ဆန်ဈေးနှုန်း များမှာ  ရွှေရင်အေး(၁) တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀နှင့် တရုတ်မွှေး တစ်အိတ်လျှင် ငွေကျပ်  ၃၆၀၀၀ တို့ဖြစ်သည်။
ယခင်မတ်လနှင့်  ယခုဧပြီလဈေးနှုန်းကို  နှိုင်းယှဉ်ကြည့်လျှင်    ရွှေရင်အေး တစ်တစ်အိတ် လျှင်   ငွေကျပ်  ၂၀၀၀၊  ရွှေရင်အေး   နှစ် တစ်အိတ်လျှင် ငွေကျပ်  ၂၀၀၀နှင့် တရုတ် မွှေးတစ်အိတ်လျှင်  ငွေကျပ် ၁၀၀၀ တို့ဖြင့်  ဈေးနှုန်းမြင့်တက်လျက်ရှိပြီး      ဒေသဆန် ဈေးနှုန်းမြင့်တက်ရခြင်းမှာ   ဒေသအခြေ အနေအရ  တောင်သူများနွေစပါး စိုက်ပျိုး ရာသီတွင်  အချိန်မီ မစိုက်ပျိုးနိုင်ခြင်းကြောင့်  ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်ဟု  ဆန် အရောင်းဆိုင်ရှင်  တစ်ဦးထံမှ   သိရသည်။


ခူးမြင့်စိုး
(ကယား)