
ဟာဗားနား မေ ၁၄
ဟာဗားနားရှိ ဟိုတယ်ဆာရာတိုဂါတွင် ပေါက်ကွဲအားပြင်းထန်သည့် မတော်တဆမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် ၄၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မေ ၁၃ ရက်၌ ကျူးဘားပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
မေ ၆ ရက်က မတော်တဆမှုဖြစ်ပွားပြီးနောက် ဆေးရုံ၌ စိုးရိမ်ရသည့်အခြေအနေမှ ဒဏ်ရာရရှိသူတစ်ဦး သေဆုံးခဲ့သောကြောင့် သေဆုံးသူအရေအတွက် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဆုံးထွက်ပေါ်လာသော အစီရင်ခံစာအရ အရွယ်ရောက်သူ ကိုးဦးနှင့် ကလေးငယ် လေးဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး အခြားသော ဒဏ်ရာရရှိသူ ၄၀ မှာ ဆေးရုံမှဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဓာတ်ငွေ့ရည် လီတာ ၁၀၀၀၀ ခန့် တင်ဆောင်လာသော စက်သုံးဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှဖြစ်ကြောင်း သိရသည်။
အဆိုပါ အားပြင်းသောပေါက်ကွဲမှုကြောင့် မာတီပြဇာတ်ရုံ၊ မူလတန်းကျောင်းတစ်ကျောင်း၊ လူနေ အဆောက်အအုံ နှစ်ခုနှင့် ဘာသာရေးကျောင်းတစ်ကျောင်းအပါအဝင် အနီးအနားရှိ အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ