
ဟာဗားနား မေ ၇
ကျူးဘားနိုင်ငံ ဟာဗားနား မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်ခု၌ အားပြင်းသော ပေါက်ကွဲမှုတစ်ခု ကြောင့် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရရှိသူ ၆၄ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျူးဘားသမ္မတရုံး က မေ ၆ ရက် ညနေပိုင်း တွင် နောက်ဆုံးရသတင်းအဖြစ် ထုတ်ပြန်ခဲ့သည်။
ယခင် ထုတ်ပြန်ချက်တွင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ၅၀ ကျော် ဆေးရုံတင်ထားရကြောင်း ဖော်ပြ ထားသည်။ ကျူးဘားသမ္မတ မီဂွယ်လ် ဒီယက်ဇ်ကနယ်လ် သည် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။ ဒေသတွင်းဆေးရုံတစ်ခုက အဆိုပါ အားပြင်းသော ပေါက်ကွဲမှု သည် ဗုံးကြောင့် မဟုတ်သလို တိုက်ခိုက်မှုလည်း မဟုတ် ကြောင်း၊ ဝမ်းနည်းစရာကောင်း သည့် မတော်တဆမှုတစ်ခုဖြစ် ကြောင်း ပြောကြားသည်။
ဟိုတယ် ဆာရာတိုဂါ၌ ဓာတ်ငွေ့ယိုစိမ့်မှုမှ ပြင်းထန်သော ပေါက်ကွဲမှု၏ အကြောင်းရင်း ဖြစ်နိုင်ကြောင်း သမ္မတရုံးက ဆိုသည်။ လက်ရှိတွင် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိနေသေးကြောင်း၊ဟိုတယ် ဝန်းကျင်တွင် ယာဉ်အသွားအလာ များကို လမ်းလွှဲထားကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဟိုတယ် အနီးရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဟာဗား နား အုပ်ချုပ်ရေးမှူး ဂါစီယာက ပြောကြားသည်။ ပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ