
နေပြည်တော် အောက်တိုဘာ ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌ ရောက်ရှိနေသည့် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် သန်းဦးနှင့်အဖွဲ့သည် အောက်တို ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားအစိုးရ ပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်းတွင်း/ ကမ်းလွန်လုပ်ကွက် များကို ရှာဖွေတူးဖော်ထုတ်လုပ် နိုင်ရေး၊ အစိုးရအချင်းချင်း တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင် ရေး အစီအစဉ်များနှင့် ပတ်သက်၍ ချမှတ်ဆောင်ရွက်နိုင်ရန် Wor-king Groups များဖြင့် ပိုမိုနီးကပ် စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး Mr.Vasily Viktrovich Shpak နှင့် အဖွဲ့အား တွေ့ဆုံ၍ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ်ထုတ်လုပ်မှု ဆိုင်ရာ ကိစ္စရပ်များ၊ မိမိတို့နိုင်ငံရှိ အင်ဂျင်နီယာများအတွက် မွမ်းမံ သင်တန်းပေးနိုင်ရေးကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပြန်ပြည့် မြဲ စွမ်းအင်ဆိုင်ရာ အသုံးပြုရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်