
ပေကျင်း ဧပြီ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ supply chain ကွင်းဆက်၊ ကြီးမားသော ပရော ဂျက်များ၊ စွမ်းအင်ကဏ္ဍနှင့် အဆင့်မြင့် နည်းပညာနယ်ပယ်များတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ်လ ၂၁ ရက်က မော်စကို၌ ရုရှားဝန်ကြီးချုပ် Mikhail Mishustin နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မဟာဗျူဟာမိတ်ဖက်များ
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အကြီးဆုံးအိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ဘက်စုံပူးပေါင်း ဆောင်ရွက်မှု၏ မဟာဗျူဟာမိတ်ဖက်များဖြစ်ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေး၏ တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ သမိုင်းဝင်ပြုယုဂ် နှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံ အကျိုးစီးပွားများနှင့် ဆက်နွှယ်မှုရှိကြောင်း ပြောဆိုခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက် အစည်းအဝေးသည် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး မကြာသေးမီက တရုတ်နိုင်ငံ၏ ပြည်နယ်အဖွဲ့အစည်းများမှ ခေါင်းဆောင် သစ်များကို ယခုနှစ်အစည်းအဝေး နှစ်ကြိမ်အတွင်း ရွေးကောက်တင်မြှောက် နိုင်ခဲ့ကြောင်း၊ တရုတ်အစိုးရသစ်သည် တရုတ်-ရုရှား ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လေးနက်စွာ တန်ဖိုးထားရှိပြီး နှစ်နိုင်ငံရည်မှန်းချက် သစ်များ အကောင်အထည်ဖော်ရန် တွန်းအားပေး၍ တရုတ်ဝန်ကြီးချုပ်နှင့် ရုရှားဝန်ကြီးချုပ်တို့ ပုံမှန်တွေ့ဆုံမှုများ မှ တစ်ဆင့်သော်လည်းကောင်း အခြား အဖွဲ့အစည်း ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် သော်လည်းကောင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ရလဒ်သစ်များရရှိရန် ရုရှားဘက်မှ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိသည်ကို တွေ့ရကြောင်း ပြော ကြားသည်။
လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု
ရှုပ်ထွေးသော ပြင်ပအခြေအနေများ ရှိသော်လည်း တရုတ်-ရုရှား ဘက်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုသည် ယခင်နှစ်ကတည်းက ခိုင်မာ သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားနိုင်သည်ကို အလေးထား ပါကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ၁၃ နှစ်ဆက်တိုက် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက်လက် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ မဟာဗျူဟာ မြောက် ကြီးမားသော ပရောဂျက်များ တွင် ခိုင်မာသောတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး လူလူချင်းရင်းနှီး ချစ်ခင်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများ အပြင် ဒေသတွင်းအဆင့် အပြန်အလှန် ဆက်ဆံမှုများပါ ထိန်းသိမ်းလာနိုင် ကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်
နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု၏ အရေအတွက် နှင့် အရည်အသွေးမြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများနှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ရန်၊ စက်မှုကဏ္ဍနှင့် Supply Chain ကွင်းဆက်တစ်လျှောက် လုံခြုံ တည်ငြိမ်မှုရှိစေရေး နှစ်နိုင်ငံကြိုးပမ်း အားထုတ် ဆောင်ရွက်ကြရန်အတွက် တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံစွမ်းအင် လုံခြုံရေးကို ပူးပေါင်းကာကွယ် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်မှုများကို တိုးချဲ့ ဆောင်ရွက်ရန်နှင့် ချိတ်ဆက်မှုကို ကြီးမားသည့် လုပ်ငန်းကဏ္ဍများတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ကြရန် လည်း တိုက်တွန်းခဲ့သည်။
တရုတ်နှင့် ရုရှားတို့သည် သိပ္ပံ သုတေသနလုပ်ငန်းများနှင့် ဆန်းသစ် တီထွင်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လိုအပ်ပြီး ယင်းကဲ့သို့ သော နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာစေရေး တွန်းအားပေး ဆောင်ရွက်ရန်နှင့် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် တရုတ်-ရုရှားအားကစား ဖလှယ်မှုများ ဆက်လက်အောင်မြင်မှု ရရှိနိုင်ရေးအတွက် စီစဉ်လုပ်ဆောင် သွားရန် တိုက်တွန်းပြောကြားသည်။
ပြန်လည်အရွေးခံရပြီးနောက် သမ္မတရှီကျင့်ဖျင်၏ ပြည်ပခရီးစဉ်
ရုရှားနိုင်ငံဝန်ကြီးချုပ် Mishustin က Belt and Road Initiative နှင့် Eurasian Economic Union (EAEU) အကြား ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အလွန်အရေးကြီး ကြောင်း၊ တရုတ်နှင့် နှစ်နိုင်ငံစီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်ကို အကောင် အထည်ဖော် ဆောင်နိုင်ရေးအတွက် ရုရှားနှင့် အခြားသော EAEU အဖွဲ့ဝင်များ နှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုကို ပိုမိုမြင့်မားသော အဆင့်တွင် အကောင်အထည်ဖော် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့သည့်အပြင် ရုရှားနိုင်ငံ ဝန်ကြီးချုပ်က သမ္မတရှီ၏ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်တွင် ရုရှားအစိုးရ၏ အရေးကြီးသော အစိုးရအဖွဲ့ဝင်အားလုံး နီးပါးကို ဦးဆောင်၍ နွေးထွေးစွာကြိုဆို ကြောင်း၊ ပြန်လည်အရွေးခံရပြီးနောက် သမ္မတရှီကျင့်ဖျင်၏ ပြည်ပခရီးစဉ် အဖြစ် ပထမဆုံးရုရှားနိုင်ငံကို ရွေးချယ် ခဲ့ခြင်းမှာ အလွန်အရေးကြီးကြောင်း၊ ရုရှား-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုမှာ သမိုင်းဝင် အမြင့်မားဆုံးသို့ ရောက်ရှိနေပြီး နိုင်ငံစုံမူဝါဒကို ပိုမို ကောင်းမွန်စွာ ကာကွယ်ရန်နှင့် လက်ရှိ နိုင်ငံတကာအခြေအနေတွင် ဘက်စုံ ကမ္ဘာကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေပါကြောင်း၊ ရုရှားဝန်ကြီးချုပ်နှင့် တရုတ်ဝန်ကြီးချုပ်ကြား ပုံမှန်တွေ့ဆုံမှု သည်လည်း ထူးခြားပါကြောင်း မှတ်ချက် ပြု ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသည် တရုတ်အစိုးရသစ် နှင့် နီးကပ်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက် ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုများကို စိတ်အား ထက်သန်စွာ အကောင်အထည်ဖော်ရန် နှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု ကို အားကောင်းခိုင်မာစေရန် မျှော်လင့် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှု၊ လေကြောင်းနှင့် အာကာသ၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အစရှိသည့် နယ်ပယ်များတွင် ရုရှားနှင့် တရုတ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း၊ ဆက်သွယ်ရေး၊ ထောက်ပံ့ ရေးနှင့် စက်မှုလုပ်ငန်း ကွင်းဆက်များ တစ်လျှောက် ဘေးကင်းရေး၊ စားနပ် ရိက္ခာဖူလုံရေးနှင့် အခြားပြဿနာများ တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်း ရန် လိုကြောင်း၊ ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစားစသည့် နယ်ပယ်များတွင် လည်း နှစ်နိုင်ငံပြည်သူ/ ပြည်သား အချင်းချင်းဖလှယ်မှု၍ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာ နိုင်မည်ကို မျှော်လင့်ပါကြောင်း ဝန်ကြီးချုပ် Mishustin က ပြောကြား ခဲ့သည်။
စီးပွားရေးသံမှူး (ကူမင်း)