ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိမှတ်ဖွယ်ရာများခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်    မေ    ၁၂


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    ပညာရည်မြင့်မားရေး၊   လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့်  အသိပညာဖြန့်ဝေရေး ( Knowledge Sharing Program – KSP) အစီအစဉ်အရ  ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၄) ကို  “ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိမှတ်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။

 


ဆွေးနွေးပွဲ၌    ပြည်ထောင်စု စာရင်းစစ်ချုပ်          ပါမောက္ခ ဒေါက်တာကံဇော်က ပြည်သူများ ၏   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပြည်သူ့ဘဏ္ဍာငွေမှ အသုံးစရိတ်များကို ထိရောက်စွာ  ခွဲဝေသုံးစွဲရာတွင် ဝင်ငွေရရှိမှုသည် လွန်စွာ      အရေးကြီးပါကြောင်း၊  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲ မှု     ထိရောက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊   သို့ပါ၍    စာရင်းစစ် ဝန်ထမ်းများအနေဖြင့်    ရငွေ၏ အဓိက       အပိုင်းတစ်ခုဖြစ်သည့့်် အခွန်အကောက်ရငွေပါ ကုန်သွယ် လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍      ပိုမို သိရှိ နားလည်ရန် လိုအပ်သဖြင့် ယခုဆွေးနွေးပွဲအား ကျင်းပပေး ရခြင်း ဖြစ်ပါကြောင်း။

 


ဆွေးနွေးပွဲသို့   တက်ရောက် လာသူများအနေဖြင့်    ကုန်သွယ် လုပ်ငန်းခွန်နှင့်       စပ်လျဉ်း၍ ဆွေးနွေးပွဲမှ သိမှတ်ဖွယ်ရာများ အား   လေ့လာမှတ်သားပြီး   သိရှိ လိုသည်များကို မေးမြန်းခြင်း၊ နိုင်ငံ တော်၏   အခွန်အခများ တိုးတက်           ရရှိစေရေးအတွက် စစ်ဆေးတွေ့ရှိ ချက်များအရ အခွန်ရငွေဆိုင်ရာ တွေ့ကြုံရသည်များကို Auditor Point of View မှ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက် ကြစေလိုပါကြောင်း၊ ယခုဆွေးနွေး ပွဲမှရရှိသည့် အသိပညာဗဟုသုတ များကို စစ်ဆေးရေးလုပ်ငန်းတွင် လက်တွေ့ပြန်လည် အသုံးချခြင်း ဖြင့်  နိုင်ငံ့ဝင်ငွေ  တိုးတက်ရရှိစေ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြစေလိုကြောင်း    မှာကြား သည်။

 


ထို့နောက်         စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ    ညွှန်ကြား ရေးမှူး    ဦးစိုးလှမြင့်က     အခွန် ကောက်ခံခြင်း၏ ရည်ရွယ်ချက်၊ အခွန် အမျိုးအစား၊ အခွန်နှုန်းထား များ၊      အခွန်ဆိုင်ရာ     ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ကောက်ခံလျက်ရှိသည့်    အခွန် အမျိုးအစားများမှ     ကုန်သွယ် လုပ်ငန်းခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာ များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးကြသည်။

 


ယင်းနောက် ညွှန်ကြားရေးမှူး ချုပ်    (စစ်ဆေးရေး)၊     ဒုတိယ အမြဲတမ်းအတွင်းဝန်၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ်     ညွှန်ကြား ရေးမှူးများနှင့် တက်ရောက်လာ သူများက အပြန်အလှန်ဆွေးနွေး မေးမြန်းခြင်းများ     ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်