ကျုံပျော်၌ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

 

ကျုံပျော်   ဒီဇင်ဘာ  ၃


ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်       နယ်မြေခံတပ်မှ      ရှေ့တန်းပြန်      တပ်မတော်သား များအား       ကျုံပျော်မြို့မှ  ဌာနဆိုင်ရာများ၊   ကျောင်းသား ကျောင်းသူများ၊  ပြည်သူများက   သောင်းသောင်းဖြဖြ          ဂုဏ်ပြု ကြိုဆိုခြင်းကို       ဒီဇင်ဘာ   ၂  ရက်က           မင်္ဂလာလမ်းမကြီး တစ်လျှောက်၌    ဆောင်ရွက်ကြ သည်။

 


ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ကျုံပျော်ခရိုင်    ယာယီဒုတိယ ရဲမှူးကြီး ခင်မောင်လွင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)   ဦးရန်နိုင် ဝင်း၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစောနှင့်   ကျုံပျော် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အမှတ်(၁၊၂) အခြေခံ ပညာ   အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးများ၊  ဆရာ ဆရာမများ၊      ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်   အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ စစ်သည်၊ ရဲမေ မိသားစုဝင်များ    စုစုပေါင်း    ၄၅၀  တို့က   ရှေ့တန်းပြန်   အရာရှိ၊ အရာခံ       စစ်သည်များအား  အောင်သပြေ       ပန်းစည်းများ၊ ပန်းကုံးများ၊ အိုးစည်ဝိုင်းများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ‌ ကြောင်း သိရသည်။


လပြည့်ဦး
(ပြန်/ဆက်)