ကျုံပျော်၌ ဆောင်းရာသီ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

 

ကျုံပျော်   အောက်တိုဘာ  ၂၅ 


တောင်သူများ၏ အကျိုးစီးပွားပိုမို ဖြစ်ထွန်းရန်နှင့်     ပြည်သူများ အတွက်   ကျန်းမာရေးကောင်းမွန် သည့် စားသုံးဆီဖူလုံစွာ ရရှိစေရန် အတွက်   ၂၀၂၂-၂၀၂၃   ခုနှစ် ဆောင်းရာသီ     နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူ ပညာပေးဆွေးနွေးပွဲကို ဧရာဝတီ တိုင်းဒေသကြီး    ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်  ဧရာမင်းခန်းမ၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း က ကျင်းပသည်။

 


ရှေးဦးစွာ   ကျုံပျော်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု    တိုးတက် မြင့်မားရေးကော်မတီ    ဥက္ကဋ္ဌ၊ မြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းက နိုင်ငံတော် က နေကြာစားသုံးဆီ   ဖူလုံရေး ဆောင်ရွက်နေမှုနှင့်  တောင်သူ များက စိုက်ပျိုးနည်း စနစ်တကျ အောင်မြင်ရေး    ကြိုးပမ်းသွား ရန်တို့ကို  အမှာစကား  ပြောကြား သည်။ 

 


ထို့နောက် ပုသိမ်ခရိုင် စိုက်ပျိုး ရေးဦးစီးဌာန     ဦးစီးမှူး ဦးဝင်းစိုး က        နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍     အပင်သဘာဝ၊ မြေပြုပြင်ခြင်း၊      ရာသီချိန်မှန် စိုက်ပျိုးခြင်း၊ မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့ထည့်သွင်းခြင်း၊   မြေဩဇာ အချိန်မှန် အချိုးကျ ထည့်သွင်း ခြင်း၊ စိုက်ခင်းပြုစုခြင်း၊ ရိတ်သိမ်း ခြွေလှေ့ခြင်း  နည်းပညာများနှင့် အကျိုးတူ  လယ်ယာစနစ်ဆောင် ရွက်မှု၏  အကျိုးရလဒ်များကို တောင်သူများ သိရှိစေရန် ပရိုဂျက် တာဖြင့်   ပညာပေးဆွေးနွေးကာ    သိလိုသည့်   မေးမြန်းချက်များကို   ပြန်လည်      ရှင်းလင်းဖြေကြား သည်။

 


အဆိုပါ ပညာပေးဆွေးနွေးပွဲ သို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးကျော် ကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် နှင့်ကျေးရွာ  အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ကြ ပြီး   ကျုံပျော်မြို့နယ်၌   နေကြာ စိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု  ၉၂ ခု၌ သီးသန့် (သီးထပ်) ဧက ၈၃၃၀ နှင့် သီးညှပ်  ၂၇၇၆ ဧက  လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


လပြည့်ဦး
(ပြန်/ဆက်)