ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းဆောင်လိုသူများကို ကျပ်သိန်းရာချီ ငွေညှစ်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မတ်   ၂၁
ဧရာဝတီတိုင်းဒေသကြီး   ကျုံပျော် မြို့နယ်တွင်   ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက    လူငယ် လူရွယ်များနှင့် မိဘအုပ်ထိန်းသူ များကို  အစည်းအဝေးခေါ်ယူပြီး စစ်မှုမထမ်းဆောင်လိုသူများကို သိန်းရာချီ    ငွေညှစ်တောင်းခံနေ ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး ပြည်သူများ အထင် အမြင်လွဲမှားစေရန်အတွက် တရား မဝင်    ပြည်ဖျက်မီဒီယာများက သတင်းတု၊  သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲရေးသားပြီး  ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များနှင့်   အကြမ်းဖက်သမားများ သည် နိုင်ငံသူ၊ နိုင်ငံသားများ စစ် ပညာ  သင်ကြားတတ်မြောက်ပြီး နိုင်ငံတော်ကာကွယ်ရေး  တာဝန် များကျေပွန်စွာ    ထမ်းရွက်မည့် အရေးကို  ကြောက်ရွံ့ထိတ်လန့် လျက်ရှိသည့်အတွက်  နည်းလမ်း မျိုးစုံဖြင့်   နှောင့်ယှက်တိုက်ခိုက် လျက်ရှိရာ  ယခုဖြစ်စဉ်သည်လည်း ကျုံပျော်မြို့နယ်ရှိ လူငယ်လူရွယ် များနှင့်  မိဘအုပ်ထိန်းသူများကို အစည်းအဝေးခေါ်ယူပြီး    ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်  ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင်     ပျံ့နှံ့နေ သည့်   ကောလာဟလသတင်း အမှားများကို  သိရှိနားလည်စေရန် အသိပညာပေး ဟောပြောဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး     သိန်းရာချီ ငွေညှစ်တောင်းခံနေသည်ဆိုသည် မှာ မှန်ကန်မှုမရှိကြောင်း စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ    တာဝန်ရှိသူ တစ်ဦး၏    ပြောကြားချက်အရ သိရှိရသည်။
ထို့ကြောင့်     တရားမဝင် ပြည်ဖျက်မီဒီယာများ၏    မဟုတ် မမှန်       စွပ်စွဲရေးသားထားသည့်  သတင်းတု၊  သတင်းအမှားများဖြင့် ပြည်သူများကို ထင်ယောင်ထင်မှား မဖြစ်စေရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်များမှ တာဝန် ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်ပြီး  အသိပညာပေးဆောင်ရွက်နေမှုများအပေါ် အထင် အမြင်လွဲမှားစေရန်အတွက် တရား မဝင်      ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး  ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။         သတင်းစဉ်