
ကျုံပျော် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၏ ခရိုင်ရုံး ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို အဆိုပါရုံးတည်ရှိရာ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ပုသိမ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှူး ဦးနေဝင်းတို့က ခရိုင်ရုံးဆိုင်းဘုတ်ကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ခရိုင်ရုံးသစ်အား ကြည့်ရှုစစ်ဆေး ပြီး ဖွင့်ပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးများ၊ ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)