
ကျုံပျော် ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၏ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးမြို့နယ်နှင့် ထူးချွန် စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ပြုလုပ် သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အမှာစကား ပြောကြားပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်များ၊ မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာ တွဲတွင် ဒုတိယဆုရရှိသည့် မစုဝတ်ရည်ဇော်၊ မြန်မာတစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲတွင် အဆင့်(၆)ရရှိသူ မောင်ကောင်းစည်သူဟိန်းနှင့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ဂုဏ်ထူးရရှိ၍ ထူချွန်စွာအောင်မြင်ခဲ့ကြသူများ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် နိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစောနှင့် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သည်။
လပြည့်ဦး(ပြန်/ဆက်)