
နေပြည်တော် ဖေဖော်ဝါရီ ၃
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နေပြည်တော် ဓနသိဒ္ဓိရပ်ကွက် ဧက ၁၀၀၀ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်း အိမ်ရာ၌ ယနေ့ ညနေပိုင်းက ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ (နေပြည် တော်) ဦးစီးမှူးရုံးတို့မှ ဝန်ထမ်း မိသားစု အသင်းပေါင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။
မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ ရိုးရာ ထမနဲပွဲမှ သင်ခန်းစာ ဖော်ထုတ်၍ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းစွမ်းဆောင်အားထုတ်မှု များဖြင့် ဌာနတိုးတက်အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းမှာကြားပြီး အရာထမ်း၊ အမှုထမ်း မိသားစုများနှင့် ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းတို့၏ အားကြိုး မာန်တက် ပျော်ရွှင်စွာ ထမနဲထိုး ယှဉ်ပြိုင်မှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် ပထမဆုရ စီမံရေးရာဌာနအသင်း၊ ပူးတွဲ ဒုတိယဆုရ ကွန်ပျူတာဌာနနှင့် နေပြည်တော်ရုံး အသင်းတို့အား ညွှန်ကြားရေးမှူးချုပ်က လည်း ကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အသင်း လေးသင်းအား ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကလည်း ကောင်း ဆုများပေးအပ်ချီးမြှင့် သည်။
အဆိုပါ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို နေပြည်တော်၌ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုပြိုင်ပွဲသည် (၁၂)ကြိမ်မြောက် ဖြစ်ပြီး နောင်နှစ်များတွင် လည်း အစဉ်အလာကို ထိန်းသိမ်း လျက် ပုံမှန်ကျင်းပဆင်နွှဲသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်