ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် နှစ်လဲသက်တမ်းတိုးဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်ရန် အသိပေးကြေညာခြင်း

â    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်  (၁-၁၂-
    ၂၀၂၀) ရက်နေ့မှစ၍     ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်း
    လုပ်ငန်းများကိုလည်းကောင်း၊     (၂၂-၃-၂၀၂၁) ရက်နေ့မှစ၍
    နှစ်လဲသက်တမ်းတိုး  မှတ်ပုံတင်လုပ်ငန်းများကိုလည်းကောင်း
    ဆောင်ရွက်ပေးလျက်ရှိပါသည်။
â    ကိုဗစ်-၁၉ ကူးစက်မှုကို  ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ 
    ကုသနိုင်ရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
    (၁၇-၇-၂၀၂၁) ရက်နေ့မှ         (၁၀-၉-၂၀၂၁) ရက်နေ့အထိ  
    အများပြည်သူအလုပ်ပိတ်ရက်အဖြစ်      အမိန့်ကြော်ငြာစာ 
    ထုတ်ပြန်၍ သတ်မှတ်ပေးခဲ့ပါသည်။
â    ယခုအခါ အများပြည်သူရုံးပိတ်ရက်များ ကုန်ဆုံးခဲ့ပြီးဖြစ်သည့် 
    အတွက်    ဌာန၏    ကနဦးနှင့်     နှစ်လဲသက်တမ်းတိုးမှတ်ပုံတင် 
    လုပ်ငန်းများကို (၁၃-၉-၂၀၂၁) ရက်နေ့မှစ၍  ပြန်လည်လက်ခံ 
    ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
â    မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပေးရာတွင် ပေးဆောင် 
    ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှု ရပ်ဆိုင်း 
    ထားသည့် (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၀-၉-၂၀၂၁) ရက်နေ့ 
    အထိ (၅၆) ရက်ကာလအား ထည့်သွင်းရေတွက်ခြင်းမပြုဘဲ
    လျှော့ပေါ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။    သို့သော် (၃၀-
    ၁၁-၂၀၂၁) ရက်နေ့ နောက်ပိုင်းမှ  လာရောက်ဆောင်ရွက်သည့်
    ကနဦးမှတ်ပုံတင်ယာဉ်များသည်           ယာဉ်ထုတ်ရက်လွန်
    ဒဏ်ကြေးငွေလျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်
    များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါသည်။ 
â    နှစ်လဲသက်တမ်းတိုးဆောင်ရွက်ရာတွင်       မော်တော်ယာဉ်၊
    မော်တော်ဆိုင်ကယ်များကို    ၎င်းတို့၏    မှတ်ပုံတင်သက်တမ်း
    ကုန်ဆုံးသည့်လအလိုက်   အောက်ပါသတ်မှတ်ကာလအတွင်း
    သက်တမ်းတိုး မပျက်မကွက် လာရောက်ဆောင်ရွက်ရန် ဖြစ်ပါ
    သည်-
    (က)    (၁၂/၂၀၂၀)လနှင့် (၁/၂၀၂၁)လ  မှတ်ပုံတင်သက်တမ်း
        ကုန်ဆုံးသည့်ယာဉ်များနှင့်    အများပြည်သူ    အလုပ်
        ပိတ်ရက်သတ်မှတ်ကာလအတွင်း        (၇/၂၀၂၁) လ 
        မှတ်ပုံတင်ကုန်ဆုံးသည့်ယာဉ်များသည် (၁၃-၉-၂၀၂၁) 
        ရက်နေ့မှ (၃၁-၁၀-၂၀၂၁) ရက်နေ့အတွင်း၊
    (ခ)    (၂/၂၀၂၁)လ နှင့် (၃/၂၀၂၁)လ   မှတ်ပုံတင်သက်တမ်း 
        ကုန်ဆုံးသည့်ယာဉ်များနှင့်    အများပြည်သူ     အလုပ်
        ပိတ်ရက်သတ်မှတ်ကာလအတွင်း        (၈/၂၀၂၁ လ)
        မှတ်ပုံတင်ကုန်ဆုံးမည့်ယာဉ်များသည် (၁၃-၉-၂၀၂၁) 
        ရက်နေ့မှ (၃၀-၁၁-၂၀၂၁) ရက်နေ့အတွင်း၊
    (ဂ )    အများပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ကာလအတွင်း
        ပါဝင်သော (၉/၂၀၂၁)လ မှတ်ပုံတင်သက်တမ်းကုန်ဆုံး
        မည့်ယာဉ်များသည် (၁၃-၉-၂၀၂၁) မှ   (၃၁-၁၂-၂၀၂၁) 
        ရက်နေ့အတွင်း။
â    သတ်မှတ်ကာလအတွင်း အချိန်မီလာရောက်ဆောင်ရွက်ပါက
    ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါသည်။  ၎င်းအပြင်  အများ 
    ပြည်သူ သယ်ယူပို့ဆောင်သည့်  ခရီးသည်တင်ယာဉ်များမှအပ
    ကျန်ယာဉ်များအားလုံးကို    ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့်
    သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို (၃၁-၁၂-၂၀၂၁) ရက်နေ့ 
    အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
â    ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း မော်တော်ယာဉ် 
    မှတ်ပုံတင်သက်တမ်းတိုးရန်  ပျက်ကွက်ခြင်း  တစ်ဆက်တည်း 
    (၅)နှစ်ကျော်၍     မှတ်ပုံတင်ဖျက်သိမ်းရတော့မည့် ယာဉ်များ
    သည်       အောက်ပါသတ်မှတ်ကာလအတွင်း        လာရောက် 
    သက်တမ်းတိုးဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန် 
    ပါက    ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်     မော်တော်ယာဉ်စီမံ 
    ခန့်ခွဲမှုဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းမည်ဖြစ်ပါသည်-
    (က)    သက်တမ်းကုန်ဆုံးရက် (၃၁-၁၂-၂၀၁၅) ယာဉ်များနှင့် 
        (၃၁-    ၁-၂၀၁၆) ယာဉ်များ၊      အများပြည်သူရုံးပိတ်ရက် 
        သတ်မှတ်ကာလအတွင်းပါဝင်သော     ၇/၂၀၂၁လတွင်     
        (၅)နှစ်ကျော်နှစ်ပြတ်သည့်   သက်တမ်းကုန်ဆုံးရက် 
        (၃၁-၇-၂၀၁၆)  ယာဉ်များသည်  (၁၃-၉-၂၀၂၁) 
        ရက်နေ့မှ (၃၁-၁၀-၂၀၂၁) ရက်နေ့အတွင်း၊
    ( ခ )    သက်တမ်းကုန်ဆုံးရက် (၂၉-၂-၂၀၁၆) ယာဉ်များနှင့်
        (၃၁-၃-၂၀၁၆) ယာဉ်များ၊    အများပြည်သူရုံးပိတ်ရက်
        သတ်မှတ်ကာလအတွင်းပါဝင်သော (၈/၂၀၂၁) လတွင်
        (၅)နှစ်ကျော်နှစ်ပြတ်သည့် သက်တမ်းကုန်ဆုံးရက်
        (၃၁-၈-၂၀၁၆) ယာဉ်များသည် (၁၃-၉-၂၀၂၁) ရက်
        နေ့မှ (၃၀- ၁၁-၂၀၂၁) ရက်နေ့အတွင်း၊
    (ဂ)    (၉/၂၀၂၁)လတွင် (၅)နှစ်ကျော်နှစ်ပြတ်မည့် သက်တမ်း
        ကုန်ဆုံးရက် (၃၀-၉-၂၀၁၆) ယာဉ်များသည်  (၁၃-
        ၉-၂၀၂၁)ရက်နေ့မှ (၃၁- ၁၂-၂၀၂၁) ရက်နေ့အတွင်း၊
â    (၃၁-၁၀-၂၀၁၆)ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ယာဉ်များ
     သည် သတ်မှတ်သက်တမ်း ကာလအတွင်း အချိန်မီသက်တမ်း 
     တိုးရန်ဖြစ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
n