ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အလေးထားဆောင်ရွက်

နေပြည်တော် မတ် ၂၂ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်း မောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြသည်။ m ရှေ့ဖုံးမှ အားလုံးစုပေါင်းဆောင်ရွက် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားရာတွင် ယခင် အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်တာဝန်များကို ချပြ ဆွေးနွေးခဲ့ကြပြီး ကောင်စီဝင်များက ဒေသအလိုက် အခြေအနေများနှင့် တိုင်းပြည်၏ လိုအပ်ချက်အခြေ အနေများကိုတင်ပြကာ အပြန်အလှန်ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှုများရှိခဲ့သဖြင့် လုပ်ငန်းများ အထိုက်အလျောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဒေသ၊ မည်သည့်ပါတီ၊ မည်သည့်တိုင်းရင်းသားအဖြစ် ပါဝင် ဆောင်ရွက်နေကြသည်ဖြစ်စေ ကောင်စီအဖွဲ့ဝင်များ အားလုံးအနေဖြင့် တိုင်းပြည်အကျိုး ဆောင်ရွက်လို သည့်စိတ်ဖြင့် အားလုံးစုပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးများတွင် ကောင်စီ ဝင်များ ဆွေးနွေးခဲ့သည့် ဥပဒေများပြန်လည်စိစစ်ရေး နှင့် ပတ်သက်၍ အချို့ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် ဥပဒေသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ် ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအရဆောင်ရွက် သင့်သည် ဥပဒေများကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်၍ အဆိုပါဥပဒေများကို ထိန်းကျောင်းဆောင်ရွက်မှုနှင့် ကျင့်သုံးမှုများကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် မိမိတို့ကောင်စီ စတင်တာဝန်ယူချိန်မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ချိန်တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ အချို့ CDM ပြုလုပ်ခြင်းများရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ အား မွမ်းမံသင်တန်းများ ဖွင့်လှစ်ချိန်တွင် ပျက်ကွက် သည့် ဆရာ၊ ဆရာမအချို့ရှိကြောင်း၊ ပျက်ကွက်မှု ဖြစ်ပွားသည့် ဆရာ၊ ဆရာမများသည် CDM ပြုလုပ် ရန်အတွက် ခြိမ်းခြောက်ခံရမှုများရှိခြင်းကြောင့်ဟု သိရှိရကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ဆေးရုံများမှ ဆရာဝန်များလည်း အလားတူခြိမ်းခြောက်ခံရမှု များရှိသည်ဟု သိရှိရကြောင်း၊ မိမိတို့အားခြိမ်းခြောက် နေသူများကို သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန် လိုကြောင်း၊ အချို့ဆရာ၊ ဆရာမများနှင့် ဆရာဝန်များ အနေဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်လို သော်လည်း အရေးယူခံရမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ပျက်ကွက်မှုများရှိနေကြောင်း။ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင် ဝန်ထမ်းများ အများစုမှာ နှစ်ကာလရှည်ကြာစွာ ကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ကြ စေလိုကြောင်း၊ သဘောထားမတိုက်ဆိုင်မှုများ ရှိနိုင် သော်လည်း နိုင်ငံ့ဝန်ထမ်းသည် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းတာဝန်များအား ပျက်ကွက်နေမှုမှာ ပြစ်မှုကျူးလွန်သည့် အဆင့်မဟုတ်ပါက ဝန်ထမ်း စည်းကမ်းဖောက်ဖျက်မှုသာဖြစ်သဖြင့် ပထမအကြိမ် အနေဖြင့် ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းမည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက်လာမှသာ ဝန်ထမ်း စည်းမျဉ်းနှင့်အညီအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆရာဝန်များ CDM ပြုလုပ်မှုကြောင့် ဆေးရုံအချို့ပိတ်ထားရသဖြင့် တပ်မတော်မှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုမှုများ ရှိကြောင်း၊ တာဝန်ပြန်လည် ထမ်းဆောင်လိုသည့် ဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင်မှုကို ခွင့်ပြုထားပြီး ဆက်လက်တာဝန် ထမ်းဆောင်မှုမရှိသည့် လစ်လပ်နေရာများတွင် အစားထိုးခန့်အပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ ဆူပူမှုအကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာ ပြီးခဲ့သည့် တစ်လတာကာလအတွင်း ဒီမိုကရေစီ စနစ်အရ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှုအကြမ်း ဖက်မှုအဆင့်သို့ ရောက်ရှိလာကြောင်း၊ ပထမအဆင့် အနေဖြင့် ဆန္ဒပြမှုကိုထိန်းသိမ်းသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ခဲဖြင့်ပေါက်ခြင်းသာ ပြုလုပ်ရာမှ စာမျက်နှာ ၄ သို့