
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ကုန်းဘောင်ခေတ် အမျိုးသား/အမျိုးသမီး ဝတ်စား ဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ် တန်) နှစ်မျိုးအား မတ် ၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁ ရက် (ဗုဒ္ဓဟူး နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ စာတိုက်ကြီး များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့ တွင် မတ် ၂ ရက်တွင် ဝယ်ယူ သော စာပို့တံဆိပ်ခေါင်းများပေါ် တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်