ကုန်အမှတ်တံဆိပ်ဥပဒေ အာဏာသက်ဝင်တော့မည်ဖြစ်၍ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး     ဦးအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲ  ၁ နာရီက ရန်ကုန် တိုင်းဒေသကြီးရုံး အဆောက်အဦ တွင်  မူပိုင်ခွင့်ဦးစီးဌာန၊  ရန်ကုန် တိုင်းရုံး    ဖွင့်လှစ်မည့်နေရာကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 


စနစ်တကျ ဆောင်ရွက် 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည် ရုံးသစ်ဖွင့်လှစ်နိုင် ရေးအတွက်         လိုအပ်သည့် ဆက်စပ်ပစ္စည်းများ       ရရှိရေး၊ ဆက်လက်   ဆောင်ရွက်ရမည့် လုပ်ငန်းများကို      စနစ်တကျ ဆောင်ရွက်ရေးနှင့် မကြာမီကာလ အတွင်း ကုန်အမှတ်တံဆိပ်ဥပဒေ အာဏာသက်ဝင်တော့မည်ဖြစ်၍     ကုန်အမှတ်တံဆိပ်   မှတ်ပုံတင် လုပ်ငန်းများ စနစ်တကျ    ဆောင် ရွက်နိုင်ရေး  ပြင်ဆင်ထားရှိရေး ကိစ္စရပ်များကို မှာကြားသည်။ 

 


သိုလှောင်ရုံများ စစ်ဆေး


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်  မင်္လာတောင်ညွန့် မြို့နယ် စက်ဆန်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင်     သိုလှောင်ရုံများကို လိုက်လံကြည့်ရှု      စစ်ဆေးကာ လိုအပ်သည်များ  မှာကြားကြောင်း သိရသည်။     

 

သတင်းစဉ်