
နယူးယောက် ဖေဖော်ဝါရီ ၂၃
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂသည် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခု အနေဖြင့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းသောအဖြေတစ်ခုရှာတွေ့ရန် ဘယ်တော့မှ လက်လျှော့ သွားမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
မိမိတို့သည် ငြိမ်းချမ်းရေးအတွက် အတူတကွ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းနှင့် ယူကရိန်းပြည်သူများကို ကယ်တင်သွားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်း ထောက်များကို ပြောကြားလိုက်သည်။
ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုလမ်းကြောင်းကို ပြန်လျှောက်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။
ထို့အပြင် နောက်ထပ်သွေးထွက်သံယိုကိစ္စရပ် များ ဖြစ်ပွားခြင်းမရှိဘဲ ပဋိပက္ခကို အကောင်းဆုံး ဖြေရှင်းနိုင်ရန် အားထုတ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
ကမ္ဘာ့ဇာတ်ခုံပေါ်က နောက်ဆုံးအရေးတစ်ခု ဖြစ်သည့် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အကျပ်တွေ့နေကြောင်း ကုလသမဂ္ဂအကြီးအကဲက ပြောကြားသည်။
ဆင်ဟွာ