ကုလသမဂ္ဂမှ ဆိုမာလီယာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးမည်

 

မိုဂါဒစ်ရှူး  ဖေဖော်ဝါရီ   ၂၅


ဆိုမာလီယာနိုင်ငံတွင်  လက်ရှိ ကြုံတွေ့နေရသည့်   မိုးခေါင်မှု ကြောင့်    ထိခိုက်ခံစားနေရသူ များကို အကူအညီပေးရန်အတွက် ကုလသမဂ္ဂ   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ     အကူ အညီပေးရေးအေဂျင်စီက အမေရိ ကန်ဒေါ်လာ ၂၅ သန်းကို ထောက် ပံ့ပေးသွားမည်ဟု  ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။ 

 


အမေရိကန်ဒေါ်လာ    ၁၇ သန်းကို  မိုးခေါင်မှုဒဏ်ခံစားနေ ရသည့်ပြည်သူများထံ  ကူညီပေး သွားမည်ဟု  ဆိုမာလီယာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ   လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး မှူး      အဒမ်အဗ္ဗဒယ်မူလာက  ပြောသည်။ 

 


လက်ရှိ  ကြုံတွေ့နေရသည့် မိုးခေါင်မှုမှာ ၂၀၁၆-၂၀၁၇ ခုနှစ် ကကြုံတွေ့ခဲ့ရသည့် အရေးပေါ် အခြေအနေနှင့်  တူညီကြောင်း ၎င်းက   ဆက်လက်ပြောကြား ခဲ့သည်။ 

 


မိုးခေါင်မှုဒဏ်ကို  လူပေါင်း ၄ ဒသမ ၃   သန်းခံစားနေရပြီး လူပေါင်း သန်းတစ်ဝက်နီးပါးမှာ  နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေရပ် စွန့်ခွာရမည့်    အရေအတွက် မှာလည်း      ဆက်လက်များပြား လာနိုင်ကြောင်း      ကုလသမဂ္ဂ အရာရှိက ပြောသည်။ 

 

မိုးခေါင်မှုကို တုံ့ပြန်နိုင်ရေး အတွက် စောစီးစွာ အကူအညီများ ပေးခြင်းဖြင့်  နောက်ထပ်ဆုံးရှုံးရမည့်အသက်များကို  ကယ်တင် နိုင်မည်ဖြစ်ကြောင်း       ၎င်းက ဆက်လက်   ပြောကြားခဲ့သည်။ 


ဆင်ဟွာ