
နယူးယောက် ဇွန် ၁၁
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင် ထုတ်ပြန်ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ် သစ်တစ်ရပ်ကို သဘောတူလက်ခံ ရန် အစ္စရေးနှင့် ဟားမားစ် နှစ်ဖက်စလုံးကို တောင်းဆိုသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက် ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်တွင် ရက် သတ္တခြောက်ပတ်ကြာ အပစ် အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွှတ်ပေးရေးပါဝင်သော အဆင့် သုံးဆင့်ပါ အဆိုပြုချက်ကို သမ္မတ ဘိုင်ဒင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးကောင်စီထံ တင် သွင်းခဲ့သော အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းကို ဂျပန်နှင့် တရုတ်နိုင်ငံအပါအဝင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ အနက် ၁၄ နိုင်ငံက ဆုံးဖြတ်ချက် ချမှတ်ရန် မဲပေးခဲ့ကြကြောင်း သိရသည်။
လုံခြုံရေးကောင်စီက ဟား မားစ်ထံသို့ ရှင်းလင်းသောသတင်း စကားပေးပို့ခဲ့ပြီး ဆွေးနွေးပွဲ ပြုလုပ်ကာ သဘောတူညီချက်ကို လက်ခံပေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် သောမတ်စ် ဂရင်းဖီးလ်က ပြောသည်။ ထို့ပြင် အစ္စရေးက သဘောတူညီချက် ကို သဘောတူထားပြီးဖြစ်သည့် အတွက် ဟားမားစ်ကသာ ထိုကဲ့သို့ လုပ်ဆောင်လျှင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နိုင်မည်ဟု ၎င်းက ဆက်ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် ချမှတ်မှုက အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရရှိရန် နှစ်ဖက်စလုံးကို ဖိအားပေးနိုင်မည်လားဆိုသည်ကို စိတ်ဝင်စားနေကြသည်။
အင်န်အိတ်ချ်ကေ