ကုလသမဂ္ဂ၏ ဘက်လိုက်သော ဆုံးဖြတ်ချက်အဆိုအား မြန်မာကပယ်ချ

 

နေပြည်တော်    နိုဝင်ဘာ    ၁၇


နယူးယောက်မြို့၌    ကျင်းပနေသည့်   (၇၈)     ကြိမ်မြောက် ကုလသမဂ္ဂ  အထွေထွေညီလာခံ၊  တတိယကော်မတီ၌  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးယန္တရား  (IIMM)  နှင့်  မြန်မာနိုင်ငံ  လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများအပေါ် ပူးတွဲရှင်းလင်း  ဆွေးနွေးမှုများကို ၂၃-၁ဝ-၂ဝ၂၃ ရက်တွင် ပြုလုပ် ခဲ့သည်။ ထို့အပြင်  “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”  မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ် တပ်ထားသည့်  ဆုံးဖြတ်ချက်အဆိုကို သက်ဆိုင်ရာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ ၁၅-၁၁-၂၀၂၃ ရက် တွင် အတည်ပြုချမှတ်ခဲ့သည်။


ကုလသမဂ္ဂနိုင်ငံရေးနှင့် ငြိမ်းချမ်း‌ရေးတည်ဆောက်မှုဆိုင်ရာ ရုံးမှ   Assistant  Secretary-General  Mr. Khaled  Khiari  သည် ၎င်းအား  လုပ်ပိုင်ခွင့်ပေးအပ်ထားခြင်းမရှိဘဲ အဆိုပါပူးတွဲဆွေးနွေး မှုတွင် ပါဝင်တင်ပြခဲ့သည်။  မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ  ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews ကလည်း ၂၃-၁၀-၂၀၂၃   ရက်တွင်ပင်  ၎င်း၏  ကျင့်ဝတ်နှင့် မညီရုံမျှသာမက ပညာရှင်မဆန်သော   အစီရင်ခံစာကို   အဖွဲ့ဝင်နိုင်ငံများထံ   တင်ပြ ဆွေးနွေးခဲ့သည်။   IIMM   ယန္တရားက  စုဆောင်းခဲ့သည်ဟုဆိုသော သတင်းအချက်အလက် ၂၃ သန်း၏ တိကျမှန်ကန်မှုကို စိစစ်နိုင်ခြင်း မရှိဘဲ ၎င်းတို့ဘာသာလိုရာဆွဲ၍ ကောက်ချက်ချလျက်ရှိသည်။ “NUG” ဆိုသည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုလျက်ရှိသော ကျော်မိုးထွန်း က မြန်မာနိုင်ငံအမည်ခံ၍ ကုလသမဂ္ဂအစည်းအဝေးများတွင် ပါဝင် ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှ ကုလသမဂ္ဂ ဘက်သို့ စာပေးပို့အကြောင်းကြားပြီးဖြစ်သည်။ 


အီးယူနှင့် အိုအိုင်စီတို့က ၁၅-၁၁-၂၀၂၃ ရက်တွင် တင်သွင်းသည့်  ဆုံးဖြတ်ချက်အဆိုတွင်   ယခင်အဆိုများနည်းတူ   ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့်   မီဒီယာတချို့၏   အခြေအမြစ်မရှိသော  စွပ်စွဲ ချက်များ ပါဝင်သည်။


ယင်းဆုံးဖြတ်ချက်အဆိုသည်  ၂၀၁၇  ခုနှစ်၊ ဩဂုတ်လတွင် ရခိုင် ပြည်နယ်    မြောက်ပိုင်းဖြစ်စဉ်မှ    စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး  ယင်းဖြစ်စဉ်၏  အကြောင်းရင်းနှင့်  မြေပြင်အခြေအနေမှန်ကို ရည်ရွယ် ချက်ရှိရှိ လျစ်လျူရှုထားခဲ့သည်။ စင်စစ် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်း၌ ARSA (ခေါ်) Aqua Mul Mujahidin အကြမ်းဖက်အဖွဲ့ ၏ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများနှင့် ကြိုတင်ကြံစည်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အလုံး အရင်းဖြင့်  နေရပ်စွန့်ခွာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စခန်းများမှ ရာပေါင်းများစွာသော နေရပ်စွန့်ခွာသူများသည် အကြမ်းဖက်သမားများ၏  အစီအစဉ်ကို  မလိုက်နာခြင်းနှင့်  နေရပ် ပြန်ရေးလုပ်ငန်းစဉ်ကို   ထောက်ခံခြင်းတို့ကြောင့်   သတ်ဖြတ်ခံနေ ရပြီး ယင်းသို့ အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဖြစ်မြောက်ရေးကို ထိခိုက်စေသည်။ မြန်မာ နိုင်ငံအနေဖြင့် တည်ဆဲဥပဒေများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား  သဘောတူလက်မှတ်ရေးထိုးထားသော အစီအမံများနှင့်အညီ ရခိုင် ပြည်နယ်မှ    နေရပ်စွန့်ခွာသူများအဖြစ်  စိစစ်အတည်ပြုပြီးသူများ ကို  လက်ခံရန်  အဆင်သင့်ရှိသည်။  စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်ပို့ဆောင်ရန် နှစ်နိုင်ငံအကြား ဆက်လက် ညှိနှိုင်းဆွေးနွေး လျက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ရာနှင့်ချီသော နေရပ်ပြန်လို သည့် ဟိန္ဒူများအား ဆောလျင်စွာ နေရပ်ပြန်လာနိုင်ရေး အကူအညီ ပေးရန်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  အကြိမ်ကြိမ်  မေတ္တာရပ်ခံလျက်ရှိ သည်။   ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်မှာ  မြန်မာနိုင်ငံ တစ်နိုင်ငံ တည်း    ဆောင်ရွက်၍မရဘဲ   ဘင်္ဂလားဒေ့ရှ်ဘက်မှ     ပူးပေါင်း ဆောင်ရွက်ပေးရန်  လိုအပ်သည်။  မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ လည်းကောင်း၊ သမိုင်းမှတ်တမ်းများအရလည်းကောင်း  မည်သည့် အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် တီထွင်ထားသည့် အသုံး အနှုန်းကို အသိအမှတ်မပြုကြောင်း ဖော်ပြအပ်သည်။


ဆုံးဖြတ်ချက်အဆိုသည် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၃၀ ဦးကျော်အပါအဝင် လက်နက်မဲ့အရပ်သား ၆,၇ဝဝ ကျော် သေဆုံးခဲ့ရသည်ကို  ရှုတ်ချရန် ပျက်ကွက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အဆိုတွင် အမုန်းပွားစေသော အချက်များနှင့် နိုင်ငံအတွင်း မတူညီသော အသိုက်အဝန်းများအကြား စိတ်ဝမ်းကွဲပြားမှုနှင့်   တင်းမာမှုများကို   ပိုမိုမြင့်တက်စေနိုင်သည့် အချက်များ ပါဝင်သည်။


ဆုံးဖြတ်ချက်အဆိုပါ    သိမ်းကျုံးစွပ်စွဲချက်များနှင့်   ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်သည့် အချက်များကြောင့်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအပေါ်   ဦးတည်ချမှတ်သော  ဆုံးဖြတ်ချက်အဆိုများ အပေါ်  အစဉ်တစိုက်  ဆန့်ကျင်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက် တို့ကြောင့်လည်းကောင်း    မြန်မာနိုင်ငံက   ယင်းဆုံးဖြတ်ချက်အဆို တစ်ခုလုံးအား  လုံးဝပယ်ချ၍  ပါဝင်ပတ်သက်မှုမရှိကြောင်း ဖော်ပြ အပ်သည်။ ဆုံးဖြတ်ချက်အဆို   ချမှတ်ရာတွင်    ပါဝင်ပတ်သက်ခြင်း မရှိသော    မိတ်ဆွေနိုင်ငံများကို    ကျေးဇူးတင်ရှိကြောင်း   ဖော်ပြ အပ်သည်။  


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇  ရက်