
နေပြည်တော် ဒီဇင်ဘာ ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်း တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံ တွေ့ဆုံပြီး ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် ကိုဗစ်- ၁၉ ဓာတ်ခွဲမှု PCR Test Kit များအား လက်ခံသည်။
တွေ့ဆုံစဉ် Ms. Hai Kyung Jun က မိမိတို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် Cobas SARS-CoV2- PCR Test Kit များကို လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ယခုကဲ့သို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ကိုဗစ်-၁၉ ဓာတ်ခွဲမှုဆိုင်ရာ PCR Test Kit များ ပေးအပ်လှူဒါန်းခြင်းသည် ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် မှု အတိုင်းအတာတစ်ခုအထိ ရရှိချိန် တွင် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ သွားရောက် ကာ လက်တွေ့မြေပြင်အခြေအနေ မှန်များကို ကြည့်ရှုစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်တွဲပူးပေါင်း ဆောင်ရွက်မှုများ ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Ms. Hai Kyung Jun က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်း သည့် Cobas SARS-CoV2- PCR Test Kit ၅၀၀၀၀ ကို ပြည်ထောင်စု ဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဂုဏ်ပြုလွှာပြန်လည်ပေးအပ်သည်။
သတင်းစဉ်