
နေပြည်တော် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက အောက်တိုဘာ ၁၆ ရက်က အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက် ဖြင့် ဟိုမောမန်နိမ်းကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်း သားပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးရာ အသက် ၁၀ နှစ်ပြည့် ၂၈ ဦး၊ အသက် ၁၈ နှစ်ပြည့် ၂၇ ဦး စုစုပေါင်း ၅၅ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးပြီး အောက်တိုဘာ ၁၇ ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၂၄ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၈၀၃ ခုကို ဆောင်ရွက် ပေးသည်။
ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများတွင်လည်း ပြည်သူများ သိရှိနိုင်စေရန် ဗီနိုင်းများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ကျန်ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကို လည်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်