
နေပြည်တော် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ဖာခတ် ကျေးရွာရှိ အမျိုးသမီးတစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် ၎င်းစစ်သည်အား ဖော်ထုတ်၍ တရားဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြား လာခဲ့သည်။
တိုင်ကြားသောကိစ္စရပ်သည် ပြည်သူလူထုနှင့် ပတ်သက်၍သော်လည်းကောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းအရသော်လည်းကောင်း၊ ကြီးလေး သည့် ရာဇဝတ်မှုမျိုးဖြစ်သည့်အတွက် သတင်းရရှိ သည်နှင့်တစ်ပြိုင်တည်း သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိသူများစေလွှတ်၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
စိစစ်ဖော်ထုတ်ချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တပ်သားအဆင့် ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနှင့် မိုးဝင်းတို့သုံးဦးသည် အခြေပြုနေရာမှ သောက်သုံးရေသွားရောက်ခပ်ယူ စဉ် ရေဆိပ်အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့် ဖြစ်သူ အမျိုးသမီးတစ်ဦးကို တပ်သား မင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦး ဖော်ထုတ်သိရှိခဲ့ရသဖြင့် အဆိုပါစစ်သည်သုံးဦးအား သီးခြားစီခွဲ၍ ထပ်မံစစ်ဆေးခဲ့ရာ တပ်သား မင်းမင်းစိုး မှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိခဲ့ရသည်။
အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည်အား စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက် အများ ပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court) စစ်တရားရုံးဖြင့် ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေး သွားမည်ဖြစ်ပြီး ယင်းဖြစ်ရပ်မျိုးအတွက် လုံးဝ သည်းခံခွင့်လွှတ်ခြင်းမရှိခဲ့သည့် အစဉ်အလာအတိုင်း ပြစ်မှုကျူးလွန်သူအား ထိရောက်ပြင်းထန်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်