
တိုကျို သြဂုတ် ၁၁
ဂျပန် ပင်လယ်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ သည် သြစတြေးလျနိုင်ငံတွင် သြဂုတ် ၁၁ ရက်ကစတင်ခဲ့သော လေးပွင့်ဆိုင်လုံခြုံရေး ဆွေးနွေး ဖက်နိုင်ငံများ (ကွတ်ဒ်) ၏ပူးတွဲ လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။
ဂျပန်နိုင်ငံသည် ၂၀၀၇ ခုနှစ် မှစကာ ပင်လယ်ပြင်လေ့ကျင့်မှု တစ်ခုဖြစ်သော မာလာဘာ လေ့ကျင့်မှုတွင် စတင်ပါဝင်ခဲ့ သည်။ မာလာဘာလေ့ကျင့်မှုကို နှစ်ပေါင်း ၃၀ ကြာ လုပ်ဆောင် ခဲ့သည်။ သြစတြေးလျနိုင်ငံသည် အဆိုပါ ကွတ်ဒ်နိုင်ငံများပါဝင် သော ပူးတွဲလေ့ကျင့်မှုကို ပထမ ဆုံးအကြိမ်အဖြစ် လက်ခံကျင်းပ ခဲ့ခြင်းဖြစ်သည်။
ဂျပန် ပင်လယ်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ ၏ဖျက်သင်္ဘော ရှီရာနူအီ သည် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံများ ၏ တခြားသင်္ဘောခြောက်စင်း နှင့်အတူ သြဂုတ် ၁၁ ရက်က ဆစ်ဒနီရှိ ရေတပ်အခြေစိုက်စခန်း ကို ရောက်ရှိခဲ့သည်။ လေးနိုင်ငံ သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကွတ်ဒ်မူဘောင် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။
သြစတြေးလျ ရေတပ် သင်္ဘောစု အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ခရစ္စတိုဖာစမစ်တ် က မာလာဘာလေ့ကျင့်မှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ကြံ့ကြံ့ခံနိုင် ရေးဆိုသည့် အချက်များကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ထို့အပြင် လေးနိုင်ငံ မိတ်ဖက် ဆက်ဆံရေးကိုလည်း တိုးမြှင့်ရန် ရည်ရွယ်ကြောင်း လည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
၁၀ ရက်ကြာ လေ့ကျင့်မှု အတွင်း ပါဝင်ခဲ့ကြသည့် ကွတ်ဒ် အဖွဲ့ဝင်နိုင်ငံများသည် ပူးပေါင်း လေ့ကျင့်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို လေ့လာခဲ့ကြ ပြီး အချင်းချင်းပိုမိုနက်ရှိုင်းစွာ ဖလှယ်မှုများကို ပြုလုပ်ခဲ့သည်။
အင်န်အိတ်ချ်ကေ