ကသာပညာရေးဒီဂရီကောလိပ်၌ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်

ကသာ မတ် ၅ ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန စစ်ကိုင်း တိုင်းဒေသကြီး ကသာပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင် အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း(PPTT) (၇/၂၀) သင်တန်းသား သင်တန်းသူများ၏ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာ များ ပေးအပ်ပွဲကို မတ် ၄ ရက်က ကျင်းပသည်။ အခမ်းအနားတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာ စကားပြောကြားပြီး ကသာပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်က သင်တန်းဆင်းအမှာစကား ပြော ကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဒုတိယ ကျောင်း အုပ်ကြီးတို့က သင်တန်းသား သင်တန်းသူများအား သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ် ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သင်တန်းသား သင်တန်း သူများအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၄ ရက်အထိ ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ ၂၈ ဦး တက်ရောက် ပညာသင်ယူခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)