ကသာမြို့တွင် ငွေကျပ် ၃၄၂၂ ဒသမ ၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂ 
ကသာမြို့တွင် ငွေကျပ် ၃၄၂၂ ဒသမ ၂၅ သိန်း တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲ တွင်     ကသာမြို့   အမှတ်  (၉)   ရပ်ကွက် မြို့ဝင်/ ထွက်      ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မွန်းဂမ်အောင် မောင်းနှင်ပြီး ဇော်တူးအောင် လိုက်ပါလာသည့် SURF အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ အင်ဂျင်ခန်းနှင့် အပိုဘီးအတွင်းတို့မှ ငွေကျပ် ၃၄၂၂ ဒသမ ၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၈၁၅၀ ကိုလည်းကောင်း။
ထို့အတူ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက် (၁) တွင် ကျန်ရှောက်ချိန် (ခ) ကျန်စန်း အား မသင်္ကာဖွယ်တွေ့ရှိသဖြင့်   စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၂၀၀၀ ကို  လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း  သိရသည်။                  သတင်းစဉ်