ကသာမြို့၌ ဒေသခံပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး

 

ကသာ  အောက်တိုဘာ  ၃


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီက မြို့တော်ခန်းမ၌ ရောင်းချပေးသည်။  


တစ်ဦးလျှင်  စားအုန်းဆီ ၅၀ ကျပ်သားကို ငွေကျပ် ၂၉၀၀ နှုန်းဖြင့် ရောင်းချပေးပြီး  ကသာခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များက   ကြီးကြပ်ဆောင်ရွက်ပေး သည်။


အဆိုပါရောင်းချမှုကို     ကသာခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက  ဦးရေ ၁၀၀၀ ကို ရောင်းချ ပေးခဲ့ကြောင်းသိရသည်။                                   
  လူအောင်(ကသာ)