ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၆
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ အဆောက်အဦများ မီးဘေးလုံခြုံ ရေးစစ်ဆေးပေးခြင်း၊     မီးဘေး ကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့်  လက်တွေ့မီးငြှိမ်းသတ် ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ (အောက်ပုံ) ကရုဏာကမ္ဘာ    ဘိုးဘွားရိပ်သာ   တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊  အဘိုးအဘွားများ၊  မီးသတ်ဦးစီး ဌာနမှ      ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်     တပ်ဖွဲ့ဝင်များ  တက်ရောက်ကြသည်။ 
ဦးစွာ    မီးသတ်ဦးစီးဌာန နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊      မီးလောင်မှု အခြေခံ   သဘောတရားများနှင့် လျှပ်စစ်မီးလောင်မှု   ဖြစ်ပွားစေ သည့်အရာများ၊ မီးအတန်းအစား ခွဲခြားခြင်းများ၊ မီးငြှိမ်းသတ်ခြင်းနည်းစနစ်များ၊    မီးသတ်ဆေးဘူး စစ်ဆေးခြင်း၊ တပ်ဆင်အသုံးပြု ပုံများနှင့်   191  Report Applica-tion  အသုံးပြုပုံများကို ရှင်းလင်း ပြောကြားပြီးနောက်     မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမြတ်သူက မီးသတ်ဆေးဘူးများ ကို ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ     တာဝန်ခံအရာရှိထံ     ပေးအပ် လှူဒါန်းသည်။
ထို့နောက် မီးလောင်မှုဖြစ်ပွား ပါက စနစ်တကျမီးငြှိမ်းသတ်နိုင်ရေးအတွက်  Kitchen Fire၊ Gas Fire   နှင့်   ဆီမီးလောင်မှုများ ငြှိမ်းသတ်ခြင်း      လုပ်ငန်းများကို ဘိုးဘွားရိပ်သာ   ဝန်ထမ်းများ ကိုယ်တိုင် လက်တွေ့ပါဝင်သရုပ်ပြ ဆောင်ရွက်ကြသည်။
ထို့ပြင် ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာဝင်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု      ရှိစေရေး အတွက် ချုံနွယ်နှင့်အမှိုက်သရိုက် များ   ရှင်းလင်းခြင်းနှင့်   ဘုရား၊ စေတီအား ရေသပ္ပာယ်ခြင်းများ ကို နေပြည်တော်မီးသတ်ဦးစီးမှူး ရုံးမှ ညွှန်ကြားရေးမှူး  ဦးမြတ် သီဟ     ဦးဆောင်၍    ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ ဝင်များ   ပါဝင်ဆောင်ရွက်ခဲ့ကြ သည်။                       
 အောင်မျိုး