
ဘားအံ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲ တွင် ပူးပေါင်းကူညီဆောင်ရွက်ပေးသော ဘားအံ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား လည်းကောင်း၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီသီဝင်းက ဒိုင်အဖွဲ့အားလည်းကောင်း ဂုဏ်ပြုငွေများပေးအပ်ပြီး ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က ငါးယောက်တွဲပြိုင်ပွဲ တွင် တတိယဆုရ လှိုင်းဘွဲမြို့နယ်အသင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဒုတိယဆုရ ကော့ကရိတ်မြို့နယ် အသင်းတို့အား တစ်ဦးချင်းလည်ဆွဲနှင့် ငွေသားဆု များ ပေးအပ်ချီးမြှင့်ကြကာ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ငါးယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ဇနီးက အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ် အသင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ဇနီးက ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦး ချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၏ဇနီးက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တတိယ ဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက ဒုတိယဆုရရှိ သော ဖာပွန်မြို့နယ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကိုက ပထမဆုရရှိသော ဘားအံမြို့နယ်တို့အား ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြတင်ဆက်ကြကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အားကစားသမား များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများသည် ဘားအံမြို့နယ် လှိုင်ကမ္ဘာကျေးရွာ အုပ်စုရှိ ရေတံခွန်ရေလှောင်ကန် လက်ယာမြောင်း တူးဖော်နေမှုနှင့် ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေတံခွန်ရေလှောင်ကန်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေလှောင်ကန်ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ တတိယရေလှောင်ကန်နှင့် စတုတ္ထ ရေလှောင်ကန်များ ဆောင်ရွက်ပေးနိုင်ရေး၊ ဈေးဆိုင် ခန်းများ စနစ်တကျဖြစ်စေရေး မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လယ်ဧက ၅၀၀ ခန့်အား အကျိုးပြုနိုင်မည့် ဖအွံ-ကော့ကျိုက်၊ ဖဲကတာ၊ တောင်သူကုန်း ကျေးရွာအုပ်စု များ၏ ဖိကလန်ချောင်းရိုးဟောင်း အရှည် ပေ ၉၃၅၀ ရေသွင်း/ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ လယ်ဧက ၁၅၀ ခန့်အား အကျိုးပြုနိုင်မည့် အရှည် ပေ ၆၃၀၀ ခန့်ရှိ ကော့ကျိုက်(ဖအွံ) ကျေးရွာအုပ်စုချောင်းရိုးတူးဖော်ခြင်းနှင့် လယ်ဧက ၂၀၀ ခန့် အကျိုးပြုနိုင်မည့် အရှည် ပေ ၈၀၃၀ ခန့်ရှိ ကော့ ကလွေ ချောင်းရိုးတူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)