
ဘားအံ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယမန်နေ့က ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသနှင့် ဖာပွန် ခရိုင် ဖာပွန်မြို့နယ် ကမမောင်းမြို့ သို့ ရောက်ရှိနေသော ယာယီ တိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ အစရှိသော စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ ပေးအပ်ပွဲကို မြိုင်ကြီးငူ အေးလင်း သာယာကျောက်စာကွင်း၌ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်၊ အလုပ်အကိုင်များကို စွန့်ခွာပြောင်းရွှေ့ နေထိုင်ကြရ သည့်အတွက် မိသားစုများစွာ အခက်အခဲဖြစ်ကြရမည်ကို စာနာ နားလည်ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက် များကို တတ်နိုင်သရွေ့ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး အေးချမ်းစွာ ဖြင့် မိမိတို့နေထိုင်ရာ ရပ်ရွာ အသီးသီးသို့ အမြန်ဆုံးပြန်လည် နေထိုင်နိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း အားပေး စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံစစ်ဗျူဟာမှူးနှင့် ကရင် ပြည်နယ် နယ်ခြားစောင့်တပ်ဗဟို အကြံပေးအဖွဲ့ ဒုဗိုလ်မှူးကြီး စောကျော်ထူးတို့က တိုက်ပွဲရှောင် အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော တန်ဖိုးငွေကျပ် ၂၅၉၂၃၅၀၀ တန်ဖိုးရှိ ဆန် ၅၂၂ အိတ်၊ ဆီ ၂၁၆ ပိဿာ၊ ပဲ ၄၃၂ ပိဿာတို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုက်ပွဲရှောင် အိမ်ထောင်စုများက လိုအပ်ချက် များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ပွဲ ရှောင်ပြည်သူများအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားများပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဖာပွန်/ကမမောင်း ဒေသရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပေးအပ်သည့် အခမ်း အနားကို ရွှေမြတ်မျိုးကြွယ် (အုန်းတော) ပရိယတ္တိစာသင် တိုက် သီရိသုခဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲ ရှောင်ပြည်သူများအား အားပေး စကားများပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မမှူးနှင့် နယ်မြေခံ စစ်ဗျူဟာမှူးတို့က တိုက်ပွဲရှောင် အိမ်ထောင်စု ၇၁၈ စု၊ လူဦးရေ ၃၁၄၄ ဦးအတွက် ငွေကျပ် ၃၆၃၆၉၀၀ တန်ဖိုးရှိ အဝတ် အထည်နှင့် အသုံးအဆောင် ပစ္စည်းများ၊ ငွေကျပ် ၄၃၆ သိန်း ကျော် တန်ဖိုးရှိ ဆန် ၇၈၆ အိတ်၊ ဆီ ၃၅၉ ပိဿာ၊ ပဲ ၇၁၈ ပိဿာ တို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)