
ဘားအံ မေ ၄
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ သည် မေ ၄ ရက်နံနက်က သာမည ကျေးလက်ကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီ အစဉ်ဖြင့် မွေးစအရွယ်မှ တစ်နှစ် ခွဲအရွယ်အထိ ကလေးငယ်များ အား ကာကွယ်ဆေးထိုးနှံပေးနေ မှုအခြေအနေများကို ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် သာမည ပတ္တမြားကျောင်းဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမည မြစော ညီနောင်စေတီတော်အား ဖူးမြော် ကြည်ညို၍ သာမညတောင်ပေါ် ဝလုံးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် သာမည ကျေးလက်ကျန်းမာရေးဌာနတွင် သာမည(၂၄)ရပ်ကွက်၊ သာယာ ကုန်း၊ ကလားစု၊ ဝင်းစိန်၊ ကျွန်းကြီး ကျေးရွာများမှ မွေးစမှ တစ်နှစ်ခွဲ အရွယ်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို သွားရောက် ကြည့်ရှုအားပေးပြီး ကာကွယ် ဆေးထိုးတာဝန် ထမ်းဆောင် နေကြသော ကျန်းမာရေးဝန်ထမ်း များအား ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)