
ဘားအံ မေ ၁၃
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၁၃ ရက်က ကျုံဒိုးမြို့ ဓမ္မသုခကျောင်း တိုက်၌ ပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ကုန်များနှင့် ထောက်ပံ့ ပစ္စည်းများ သွားရောက်ပေးအပ် သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကျုံဒိုးမြို့ ဓမ္မသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသေဋိလအား သွားရောက် ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြ ကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ကျောင်းတိုက်ဓမ္မာရုံတွင် ရောက်ရှိ နေထိုင်သော ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တို့မှ နေရပ်စွန့်ခွာပြည်သူ များအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး နေရပ်စွန့်ခွာ အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၂၄ ဦး အတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော စား သောက်ကုန်များ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာန မှ ထောက်ပံ့သော ၁၇ မျိုးပါ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး နေရပ်စွန့်ခွာ ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျုံဒိုးမြို့ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ရန်သူ့ လက်နက်ကြီး ကျရောက်ပြီး ပျက်စီးခဲ့သည့် ကျောင်းအမိုးများ ပြန်လည်ပြင်ဆင်မှု၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုး မြို့မရဲစခန်းအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားကာ လုံခြုံရေးတာဝန် များ ထမ်းဆောင်လျက်ရှိသော နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် တို့အား စားသောက်ကုန်များ နှင့် ထောက်ပံ့ငွေများ ပေးအပ် ကြောင်း သိရသည်။
သတင်းစဉ်