
ဘားအံ ဒီဇင်ဘာ ၂၈ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကော့ကရိတ် မြို့နယ် နဘူး - နှစ်ခြား ကျေးရွာ တွင် ယာယီပြောင်းရွှေ့နေထိုင် သော နေရပ်စွန့်ခွာပြည်သူများ အား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်း တိုက်အုပ် ဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် မြို့နယ်သံဃနာယက အကျိုးတော် ဆောင် (ရွှေကျင်) ဆရာတော် ဘဒ္ဒန္တသုမနတို့အား သွားရောက် ဖူးမြော်ကြည်ညို ၍ သာသနာရေး ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြ ကာ ဆန်၊ ဆီ အစရှိသော လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ယာယီနေရပ် စွန့်ခွာပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်း အနားကို အောင်သိဒ္ဓိကျောင်း ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယာယီနေရပ် စွန့်ခွာသူများတွင် ကျောင်းနေ အရွယ်များပါဝင်ပါက ပညာရေး နှောင့်နှေးမှုမဖြစ်စေရေး ရောက်ရှိ နေရာတွင် ပညာသင်ကြားနိုင် အောင် စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြား ထားပြီးဖြစ်ကြောင်း၊ မိမိနေရပ် မိမိဒေသ တည်ငြိမ်အေးချမ်းစေရန် မိဘပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ လို ကြောင်း၊ ယခုကဲ့သို့ ယာယီ ပြောင်းရွှေ့ နေထိုင်ရခြင်းသည် အခိုက်အတန့် တစ်ခုသာဖြစ်ပြီး မူလဒေသတွင် ပြန်လည်နေထိုင် နိုင်ရေး အေးချမ်းတည်ငြိမ်မှုရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ မကြာမီ အိမ်ပြန်ကြရမည်ဖြစ် ကြောင်း၊ ယာယီပြောင်းရွှေ့နေထိုင် စဉ်ကာလအတွင်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး အချင်း ချင်းရိုင်းပင်းကူညီ၍ ကျန်းကျန်း မာမာ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် နဘူး - နှစ်ခြားကျေးရွာ တွင် ယာယီပြောင်းရွှေ့နေထိုင် သော နေရပ်စွန့်ခွာအိမ်ထောင်စု များအတွက် အိမ်ထောင်စုတစ်စု လျှင် ဆန်ခြောက်ပြည်၊ ဆီ တစ်လီတာ၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင် စု ၃၅၇ စုအတွက် ဆန် ၂၄ ပြည် အိတ် ၉၀ ၊ ခေါက်ဆွဲခြောက် ဖာ ၉၀ ၊ ဆီပိဿာ ၁၈၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ယာယီ နေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြား သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူး တိုက်နယ်ပြည်သူ့ဆေးရုံသို့ ရောက် ရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား တစ်ဦးချင်း ၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေ အနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း အားပေးစကား ပြောကြားပြီး ကြက်ဥ၊ ကွေကာ အုပ် အစရှိသော အာဟာရဖြည့် စွက်အစားအစာများ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဆေးရုံအုပ်ကြီး၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အထွေထွေအသုံးစရိတ် ငွေကျပ် သုံးသိန်းကို ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)