
ဘားအံ ဇန်နဝါရီ ၂၁
အခြေခံပညာမူလတန်းအရွယ် ကျောင်းသား ကျောင်း သူများ နို့သောက်သုံးပေးခြင်းဖြင့် အာဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားတိုးတက်စေ ရန်၊ နို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး ဉာဏ်ရည်ထက်မြက်၍ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများ ရရှိ စေရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် နို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ် လှာကဒေါင် ကျေးရွာအုပ်စု မင်္ဂလာရွာသစ် အခြေခံပညာမူလတန်း ကျောင်းရှိ အခြေခံပညာကျောင်းသား ကျောင်းသူများ အား သွားရောက်တွေ့ဆုံပြီး အခြေခံပညာမူလတန်း အရွယ်ပင် ရည်မှန်းချက်ပန်းတိုင်များ ထားရှိကြရ မည်ဖြစ်ကြောင်း၊ ကျောင်းနေပျော်၍ စာတော်ကြ သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြေစေလိုကြောင်း အားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူ ၅၄ ဦးအား နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြကာ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့ အုန်းတစ်ပင် အခြေခံပညာအထက်တန်းကျေင်း(ခွဲ)မှကျောင်းသား ကျောင်းသူ ၁၅၅ ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးကြ ကာ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်များ ထောက်ပံ့ပေးအပ်သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များသည် ကော့ကသောင် အခြေခံပညာမူလတန်း ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၅၈ ဦးအား နို့နှင့် ကြက်ဥများတိုက်ကျွေးခဲ့ကြပြီး ပါးစပ်နှင့် နှာခေါင်း စည်းများ၊ ၂၀၂၂ ခုနှစ် ပြက္ခဒိန်များ ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)