
ဘားအံ သြဂုတ် ၁၁
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြဝတီမြို့ သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြဝတီမြို့ ရပ်ကွက်(၆/၇)အဖြစ် ရပ်ကွက်သစ်ဖော်ဆောင်နေ သည့်နေရာရှိ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိ ရာ စီမံကိန်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ရပ်ကွက် (၆/၇) စီမံကိန်းအတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းဖောက်လုပ်နေမှု၊ မြေနေရာအကွက်ချထားမှု၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုနှင့် အခြားတည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ရေစီး ရေလာ ကောင်းမွန်စေရေးနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရပ်ကွက် (၆)အတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်နေသည့် အခြေအနေများ၊ ရပ်ကွက်(၆/၇)စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို လည်းကောင်း၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၊ BCF ဇုန်၊ Cargo နေရာသို့ သွားရောက်ပြီး နှစ်နိုင်ငံကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေမှုအခြေအနေများနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဌာနဆိုင်ရာဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်ပေးနေသည့် အခြေအနေများ အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရွှေမြဝတီ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် စောင့်ကြည့် ရေးစခန်းသို့ ရောက်ရှိပြီး လူနာများကို စောင့်ကြပ် ကြည့်ရှုကုသပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ မြဝတီမြို့ ရှိ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည် များ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ကြက်ဥအလုံး ၁၂၀၀ ကို လည်းကောင်း၊ သင်္ဃန်းညီနောင်တပ်မတော်ဆေးရုံအတွက် ထောက်ပံ့ ငွေကျပ်သုံးသိန်းနှင့် ကြက်ဥအလုံး ၁၀၀၀ ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် စောင့်ကြည့်ရေးစခန်းများဖြစ်သည့် ရွှေမြဝတီစခန်း အတွက် ငွေကျပ်သုံးသိန်းနှင့် ကြက်ဥအလုံး ၁၂၀၀ ကို လည်းကောင်း၊ မဲကနယ်စခန်းအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ကြက်ဥအလုံး ၈၀၀ ကို လည်းကောင်း၊ ကျောက်လုံးကြီး စခန်းအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ကြက်ဥအလုံး ၈၀၀ အားလည်းကောင်းအသီးသီး ထောက်ပံ့လှူဒါန်း သည်။
ဆက်လက်၍ မြဝတီကုန်သွယ်ရေးဇုန်သို့ သွားရောက်ပြီး အောက်ဆီဂျင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆေးနှင့်ပစ္စည်းများ တင်သွင်းခွင့်ပြုပေးလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်ပစ္စည်းများ တင်သွင်း တင်ပို့နေသည့် အခြေအနေများ၊ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအဆင်ပြေချောမွေ့စေ ရေး မှာကြားကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ မြသုခတပ်ဦးကျောင်း ဆရာ တော် ဒေါက်တာ အရှင်ပညာနန္ဒ အား ဝင်ရောက် ဖူးမြော်ကြည်ညိုပြီး သင်္ဃန်း၊ ဆွမ်းဆန်တော် ၊ ဆီ၊ ကြက်ဥနှင့် န၀ကမ္မအလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)