ကရင်ပြည်နယ်ဝန်ကြီးချုပ် e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေး

 

ဘားအံ   ဇူလိုင်   ၂၂


ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူတိုင်း နိုင်ငံ သားကတ်   ကိုင်ဆောင်မဲပေးနိုင်ရေးနှင့်  မဲစာရင်း မှန်ကန်ရေးတို့အတွက်  e-ID စနစ်ကို အသုံးပြု၍ နိုင်ငံသားကတ်ထုတ်ပေးခြင်း   မှတ်ပုံတင်စာအုပ် နိုင်(၄)၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ တို့ကို ကွန်ပျူတာအတွင်းရေးသွင်းခြင်းကို   ဘားအံမြို့ ကရင်ပြည်နယ်လွှတ်တော်ရုံးနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီး မှူးရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်   ၉  နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးနှင့်  တာဝန်ရှိသူများ   သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

 


ထိုသို့ e-ID စနစ်ဖြင့် ရေးသွင်းခြင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများရှိ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း များက ပြည်နယ်လွှတ်တော်ရုံးခန်းနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီး မှူးရုံးတို့တွင် နှစ်နေရာခွဲ၍ ဇူလိုင် ၁၈ ရက်မှ စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ်ကာလ နှစ်လ အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း များ ပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ မှာကြား ကာ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန     ပြည်နယ်၊   ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအတွက် ငွေကျပ် သုံးသိန်း ထောက်ပံ့ပေးအပ်သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်သာယာ ဦးပေါက်တံတား၌ ယာဉ်ရပ်နားရာနေရာ ဆောင်ရွက်နိုင်ရေးနှင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး မဲဘောင်လမ်းပိုင်း၌ လမ်းဘေးဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက်   ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ  မှာကြား ခဲ့ကြောင်း သိရသည်။  

စောမျိုးမင်းသိန်း(ပြန်/ဆက်)