ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ   ဇူလိုင်   ၂    ကရင်ပြည်နယ်      ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်   ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ    တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂ ရက်    နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ   ဒေသ ဖွံ့ဖြိုးရေး          လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်        ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု    ရသ ဝေါ်အင်း ဘက်စုံစိမ်းလန်းစိုပြည် ရေးအတွက်  မြေသားတာပေါင် လုပ်ငန်း၊ အဝင်လမ်းနှင့်ကန်ပတ် လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း တို့ကို           ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးတို့က     လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု      အခြေအနေ များကို      ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်    အဖွဲ့ သည်  ရသဝေါ်အင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်း  ၀ ဒသမ ၇ မိုင်၊    ကန်ပတ်လမ်းအပိုင်း(၁) မြေသားတာပေါင်ဖို့ခြင်း ၇ ဒသမ ၃ ဖာလုံ၊ အပိုင်း(၂)   မြေသား တာပေါင်ဖို့ခြင်း ၄ ဒသမ ၇ ဖာလုံ နှင့်  Box   Culvert  ရှစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေ များနှင့်              အင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးမည့် ပျိုးပင်များကို   ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်      ပြည်နယ် ပြည်သူ့ဆေးရုံကြီး (ဘားအံ)၏ တိုးချဲ့ပြင်ပလူနာဆောင်  နှစ်ထပ်  RC အမျိုးအစား တည်ဆောက်ရေး လုပ်ငန်း၊           လူနာစောင့်များ      နားနေဆောင်  တည်ဆောက်ပြီးစီး မှု၊    ဆေးရုံအဝင်မုခ်ဦး       တိုးချဲ့ တည်ဆောက်နိုင်ရေးနှင့် Canteen တည်ဆောက်မည့်   မြေနေရာတို့ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ယင်းနောက်       ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ မြို့ အမှတ်(၄၊ ၆၊ ၇)ရပ်ကွက် မြို့ပတ်လမ်းသစ် ဖောက်လုပ်ခြင်း လုပ်ငန်း      အမှတ်(၇)  ရပ်ကွက် မန်းဘဇံလမ်းအား အကျယ်ပေ ၃၀၊ အရှည်ပေ ၁၀၀၀၊ ထု ၆ လက်မ  ကွန်ကရစ်လမ်းခင်းခြင်းနှင့်  လမ်း ဘေးဝဲယာမြောင်းဖုံးပါအုတ်စီရေမြောင်း ပြုလုပ်ခြင်း၊     အသစ် ဆောက်လုပ်သည့် (အလျား  ၂၅ ပေ x အနံ ပေ ၄၀ x အမြင့် ၁၄ ပေ) ရှိ တံတားအမှတ်(၁) ပြီးစီးမှု၊ အမှတ်(၆) ရပ်ကွက်ရှိ အဆင့်မြှင့် တင်ဆောင်ရွက်သည့် (အကျယ် ပေ ၃၀၊ အလျား ပေ၈၀၀၊ ထု ၆ လက်မ)ရှိ ကွန်ကရစ် အပိုင်း (၃)      ဆောင်ရွက်ပြီးစီးမှုတို့ကို    ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေး ကာ မြို့ပတ်လမ်းသစ်ဖောက်လုပ် ခြင်းလုပ်ငန်းကို     သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ  အချိန်မီပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်   မှာကြားခဲ့ကြောင်း   သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)