
ဘားအံ မတ် ၃
နှစ်စဉ်ကျောင်းသား ကျောင်းသူ ၆၀၀ ခန့်မှ ၁၀၀၀ ခန့်အထိ တက်ရောက်ပညာသင်ကြားနိုင်သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကို ဘားအံမြို့ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအနီးတွင် တည် ဆောက်လျက်ရှိရာ မတ် ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ဘားအံ)တွင် သီဟမင်းဆွေဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၂၁၇ x ၃၁၀) ပေ သံကူကွန်ကရစ်သုံးထပ် ပင်မ ဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေး ရာ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမိုးမိုးကြည်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ တည် ဆောက်ရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားမူလာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိ သော (၁၂၅ x ၈၂ x ၁၈) ပေ Steel Structure တစ်ထပ်အလုပ်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ထူးမြတ်ဂုဏ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိသော (၂၁၁ x ၇၀) ပေ RC နှစ်ထပ် နန်းငုဝါ ကျောင်းသူအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ နန်းထိုက်ဝင်းကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိသော (၇၈ x ၉၄) ပေ RCC လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ ထူးမြတ်လျှံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသော (၇၈ x ၉၄) ပေ RCC လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ် ခြင်းလုပ်ငန်း၊ စိုးမိုးသူ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော (၂၁၁ x ၇၀) ပေ RCC သုံးထပ်ကျောင်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ သမိန်ဗရမ်းဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၇၈ x ၉၄) ပေ RCC လေးခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဘားအံမြို့နယ် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အတွင်းရှိ ပေ (၈၀ x ၄၀)သံဃာစင် ပါ သုသာန်ဇရပ်နှင့် မီးသင်္ဂြိုဟ်စက် တည်ဆောက် ခြင်းလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတို့ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)