ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

 

ဘားအံ   ဇန်နဝါရီ   ၂၅


ကရင်ပြည်နယ်ဝန်ကြီးချုပ်       ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါ၍    ဇန်နဝါရီ  ၂၅ ရက် မွန်းလွဲ   ၁  နာရီခန့်က  ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်        စေတီပုထိုး များတွင်   ဌာနဆိုင်ရာများမှ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု        သွားရောက်ကြည့်ရှုစစ်ဆေး သည်။

 


ဦးစွာ     ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့သည် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာ တော်    ဘဒ္ဒန္တဓမ္မပါလအား   သွားရောက်ဖူးမြော် ကြည်ညို၍ ဇန်နဝါရီ  ၂၆ ရက် နံနက် ၈ နာရီမှစ၍ ဘားအံမြို့ပေါ်ရှိ      ကျောင်းတိုက်အသီးသီးတွင် ဓဇဂ္ဂသုတ်နှင့် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ပရိတ်တရားတော်များ  တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်နိုင်ရေး     လျှောက်ထား ကာ  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  နဝကမ္မအလှူတော် ငွေများ  ဆက်ကပ်လှူဒါန်းသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်တန်းသာသနာပြုကျောင်း   သစ္စာမဏ္ဍိုင် ဆုတောင်းပြည့် စေတီတော်၌ ဌာနဆိုင်ရာဝန်ထမ်း များ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဓမ္မဝါသီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရအား ဖူးမြော်ကြည်ညို၍    လူဖွယ်ဝတ္ထုပစ္စည်းများနှင့်    နဝကမ္မအလှူတော်ငွေများ   ဆက်ကပ်လှူဒါန်းကာ      ကမ္ဘာ့ကပ်ကျော်အောင်တော်မူ စေတီတော်မြတ်ကြီး နှင့်   ကျောင်းပရိဝုဏ်အတွင်း ဌာနဆိုင်ရာဝန်ထမ်း များ၏   စုပေါင်းသန့်ရှင်းရေးလုပ်ငန်း  ဆောင်ရွက်မှု များအား  ကြည့်ရှုစစ်ဆေးကြသည်။

 


ထို့အတူ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ် တို့တွင်လည်း  ဘုန်းတော်ကြီးကျောင်းများနှင့် စေတီ ပုထိုးများတွင်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)