
ဘားအံ မတ် ၉
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၉ ရက် နံနက်ပိုင်းက ဘားအံမြို့ ပေါ်ရှိ အခြေခံပညာကျောင်းများ တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက် နေ ပြည်သူများ၏ စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက် မှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဘားအံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ဘားအံပညာရေးဒီဂရီ ကောလိပ်တို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း ၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းဖော် ခြင်း၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များ ရှင်းလင်းခြင်း အစရှိ သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို ယာဉ်၊ ယန္တရားများ အသုံးပြုဆောင်ရွက်နေခြင်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ပြီး အဆိုပါကျောင်းများ၌ စာသင် ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်မှုရှိ/မရှိနှင့် တည် ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ မုန့်ဈေးတန်းများ သန့်ရှင်းသပ် ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ ပြည့်စုံလုံလောက်မှု ရှိစေရေးနှင့် စာသင်ကျောင်းများကို သန့်ရှင်း သပ်ရပ်သော ပတ်ဝန်းကျင်ကောင်း များအဖြစ် အစဉ်ဖန်တီးပေးကြရန် မှာကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ဘားအံ ပညာရေး ဒီဂရီကောလိပ် အားကစားကွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ် လျက်ရှိသော နွေရာသီ အခြေခံ အားကစားသင်တန်း Fitness Dance နှင့် မြန်မာ့သိုင်းသင်တန်း သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ကွင်း အမှတ် (၁၀၈၉) မင်းဇီတောင်သူ ကွင်း၌ နေကြာ၊ မြေပဲ၊ ပဲပုပ်၊ နှမ်း၊ ပဲတီစိမ်း ဆောင်းဆီထွက်သီးနှံ ဧက ၅၀၀ သီးညှပ်စိုက်ခင်းအား ကြည့်ရှုအားပေးသည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် တိုင်းဒေသကြီး နှင့် ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ဘောလုံးအသင်း အား မတ် ၈ ရက် မွန်းလွဲ ၃ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအားပေးစကား ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ် ကရင်ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံး အသင်းထံသို့ အောင်နိုင်ရေးအလံ နှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ပြီး ကရင်ပြည်နယ် ဘောလုံးဆပ်ကော်မတီ၊ ဘောလုံး အဖွဲ့ချုပ်နှင့် စေတနာရှင်အလှူရှင် များက ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီး ချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)