
ဘားအံ မတ် ၃၁
မတ် ၃၁ ရက် နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စာဖြေဌာန အသီးသီး၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား ကျောင်းသူ ၁၄၀၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်း သား ကျောင်းသူ ၂၇၅ ဦး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာန၌ ကျောင်းသား ကျောင်းသူ ၄၅၆ ဦးတို့၏ မြန်မာစာဘာသာဖြေဆို နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး (ဝဲပုံ) ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကရင်ပြည်နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာရင်းပေးထား သူ ၅၉၁၈ ဦးရှိသည့်အနက် ၅၃၆၈ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၉၀ ဒသမ ၇၁ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)