ကရင်ပြည်နယ်၌ ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးသောင်းခန့် ထုတ်ချေးပေးရန် လျာထား

 

 

ဘားအံ    မေ    ၁၇
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကရင်ပြည်နယ်ဘဏ်ခွဲ၏ ဘဏ်ခွဲများဖြစ်သော ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊  ကော့ကရိတ်ခရိုင်ဘဏ်ခွဲများမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို  ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည် နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ငါးသောင်းခန့် ထုတ်ချေးပေးသွားရန် လျာထားကြောင်း မေ ၁၇ ရက် နံနက်က ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲမှ သိရသည်။
မိုးရာသီ    စိုက်ပျိုးစရိတ်ချေးငွေ   ပေးအပ်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ငါးအုပ်စုအတွက် ငွေပမာဏစုစုပေါင်း ငွေကျပ် ၁၁၉၇ သိန်းကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊  အချေးမှန်မှ အဆပ်မှန် မည်ဖြစ်သဖြင့်  ထုတ်ချေးမှုမှန်ကန်ရေးသည်  အဓိက အရေးကြီးပြီး  တောင်သူလယ်သမား   တစ်ဦးချင်း   လက်ဝယ်သို့     မှန်မှန်ကန်ကန်     ရောက်ရှိအောင်    ထုတ်ပေးစေလိုကြောင်း၊   တောင်သူများကလည်း    သီးနှံပေါ်ချိန် ငွေပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ကြ ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက် များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  ကရင်ပြည် နယ်ဘဏ်ခွဲ  မန်နေဂျာက ရှင်းလင်းတင်ပြပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ကရင်ပြည် နယ်   ဘဏ်ခွဲမန်နေဂျာတို့က   တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ  ပေးအပ်သည်။ 
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့်   အစိုးရအဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးဘဏ်၊    ကရင်ပြည်နယ်ဘဏ်ခွဲမှ  ဝန်ထမ်းများက ကျေးရွာအုပ်စု ငါးအုပ်စု၊ တောင်သူ ၁၂၇   ဦး၏  စိုက်ဧက  ၇၉၈  ဧကအတွက်  ချေးငွေ ထုတ်ချေးပေးနေမှု      အခြေအနေများကို   ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။    
 စောမျိုးမင်းသိန်း(ပြန်/ဆက်)